☘️1

273 20 4
                                    

သူ့မျက်နှာပေါ်လာထိုးကျနေတဲ့နေရောင်ခြည်တွေကို ထယ်ယောင်းသိပ်မုန်းနေမိတယ် ဘေးဘက်သို့ကြည့်လာတော့ လစ်ဟာနေတဲ့သူ့ရဲ့နေရာ ညကလည်းမလာပြန်ဘူးထင်တယ် ကိုယ့်ကိုအရုပ်တစ်ရုပ်သဘောထားတဲ့ သူကိုထယ်ယောင်းမမုန်းရက်ခဲ့ ချစ်လွန်းလို့တောင် သူ့အတွက်နဲ့အရာရာပေးဆပ်ပြီး သူနောက်ကိုယုံစားလိုက်ခဲ့တာ ဘယ်ထင်ပါ့မလည်း သူ့ဘက်ကခံစားချက်တွေကအလိမ်အညာကြီးပဲဆိုတာ အချိန်နှောင်းမှသိခဲ့ရတာ ထယ်ယောင်းရှိတဲ့ ဘူဆန်စီကိုသာ ဂျောင်ဂုမလာဖြစ်ခဲ့ရင် ထယ်ယောင်းနဲ့ဂျောင်ဂုဆိုတာ တစ်ယောက်နဲ့တစ်ယောက်သိကြမှာတောင်မဟုတ်ဘူး.......

အတိတ်စီသို့.^^^^^^^^^^^^^^^^^^^^^^

"မင်းကမိန်းကလေးထက်တောင် လှသေးတယ်နော်"

"ခင်ဗျား ..."

"အာ...Sorry ကိုယ်ကလေ နည်းနည်းပွင့်ပွင့်လင်းလင်းရှိတော့ မြင်တဲ့အတိုင်းပြောလိုက်တာပါ"

"အာ..ရပါတယ်"

"...."

"ခင်ဗျားက ဒီကမဟုတ်ဘူးထင်တယ် ကျွန်တော် ခင်ဗျားကိုတစ်ခါမှမမြင်ဖူးလို့"

"ကျွန်တော်က ဆိုးလ်ကပါ ဒီကိုအလုပ်ကိစ္စနဲ့ခနလာတာ အစကတော့ ခနနေပြီးရင်ပြန်မလို့ပဲ အခုတော့ကျွန်တော်ကိုမပြန်ချင်လောက်အောင်ဆွဲဆောင်နေတဲ့အရာလေးရှိနေလို့"

စတွေ့ထဲကဂျောင်ဂုဘက်ရစ်သီရစ်သဲ့စကားတွေကိုသာဆိုနေပင်မဲ့ ဦးနှောက်ကတားနေပင်မဲ့ နှလုံးသားကမလွန်နိုင် အချစ်ဆိုတဲ့အရာကို သူဘယ်လိုကိုင်တွယ်ရမလည်း သိသူအလား ဂျောင်ဂုကထယ်ယောင်းစီကအချစ်ကိုအချိန်ခနလေးနဲ့ရခဲ့တယ် သူတို့နှစ်ယောက်ကြောင်းမိဘတွေသိသွားအချိန် သဘောမတူခဲ့ဘူး ဂျောင်ဂုမိဘတွေဘက်ကသဘောတူတယ်လို့ဂျောင်ဂုကပြောခဲ့ပင်မဲ့ ထယ်ယောင်းမိဘတွေကသဘောမတူခဲ့ အခုမှအချစ်ကိုလက်တက်စတဲ့ကောင်လေးက အလိမ်အညာစကားတွေကိုတစ်ကမ္ဘာထင်ပြီး သူ့မိဘတွေသဘောမတူတဲ့ကြားကဂျောင်ဂုလက်ကိုရဲရဲကြီးဆွဲပြီး ဂျောင်ဂုကိုအားကိုးပြီးလိုက်ခဲ့ရတဲ့သူ ဆိုးလ်ရောက်ပြီး အစပိုင်းပျော်ဖို့ကောင်းခဲ့ပင်မဲ့ သိပ်မကြာခင်မှာပဲ ဂျောင်ဂုရဲ့သရုပ်မှန်တွေပေါ်လာခဲ့တာပဲ   ဂျောင်ဂုမိဘတွေက ဘယ်သူလည်းထယ်ယောင်းတစ်ခါမှမသိခဲ့ရဘူး ထယ်ယောင်းနဲ့လည်းမိတ်မဆက်ပေးခဲ့ဘူးလေ ဂျောင်ဂုပြောတာကတော့ ငါနဲ့တရားဝင်လက်ထပ်နေ့ကျရင် မိတ်ဆက်ပေးပါမယ်တဲ့ အခုထိတော့ ကျွန်တော်ဟာ လူမသိသူမသိခံတဲ့ ချစ်သူတစ်ယောက်သာသာ မဟုတ်ဘူး ပျော်တော်ဆက်သာသာလိုပဲ^^^"^^^^^^^^^^^^

မငြိုးပန်း❣️Where stories live. Discover now