☘️6

188 17 2
                                    

တစ်လကြာပြီးနောက်******************

ထယ်ယောင်းအခုချိန်ထိသတိပြန်မရတာ၁လတောင်ပြည့်နေပြီ ထယ်ယောင်းနဲ့ဂျောင်ဂုက ချစ်သူတွေဖြစ်ကြတာ လွန်ခဲ့တဲ့၁လကမှ အကိုဂျင်တို့ပါသိခဲ့ခြင်း အစကဂျောင်ဂုကိုဆွဲထိုးပစ်ခြင်လောက်အောင် ဒေါသထွက်ပင်မဲ့ အကြောင်းအရင်းမှန်ကိုသိခဲ့ရတော့ ဂျောင်ဂုကိုလည်းအပြစ်မဆိုချင်တော့ဘူး ဂျောင်ဂုလည်း ထယ်ယောင်းဆေးရုံတက်တဲ့နေ့ထဲက ဂျောင်ဂုသွေးကင်ဆာကြောင့်ဆေးရုံရဲ့အရေးအပေါ်ခန်းထဲမှာ သူတို့နှစ်ယောက်ဘဝကလည်း သိပ်ကိုသနားဖို့ကောင်းတာပဲ

"ဟင်းးးဟင်းး"

Jinတစ်ယောက်စဥ်းစားနေတုန်း ထယ်ယောင်းရဲ့လက်လေးတွေလှုပ်လာပြီး အသံလေးတွေပါထွက်လာခဲ့တယ်
"ထယ်ယောင်း ...ထယ်ယောင်း သတိရလာပြီလား"

"ခနလေးနော် အကိုဆရာဝန်သွားခေါ်ပေးမယ်"

ထယ်ယောင်းသတိရလာတာနဲ့ ကဗျာကသီဆရာဝန်ပြေးခေါ်တဲ့ အကိုဂျင်ပါလေ

"လူနာကသိပ်တော့မစိုးရိမ်ရတော့ပါဘူး လူနာကအချိန်အများကြီးသတိမေ့မျောနေခဲ့တာဆိုတော့ အခုလိုပြန်သတိရလာကိုဝမ်းသာပါတယ် ခလေးရောလူကြီးရောကို ကျွန်တော်တို့ကယ်နိုင်ခဲ့မယ်လိုတကယ်မထင်ထားတာ"

"ဟုတ်...ဟုတ်ကဲ့ပါဒေါက်တာ"

ဒေါက်တာပြောသမျှကိုသေသေချာချာမှတ်နေတဲ့ အကိုဂျင်ကို ထယ်ယောင်းအသက်မဲ့စွာကြည့်နေမိတယ် ဂျွန့်ကရော ဘယ်မှာလည်း သူဒီလိုအခြေအနေရှိနေတာတောင် သူ့အနားမှာဂျွန်ကရှိမနေဘူး မုန်းတယ် ဂျွန်ရယ် ပင်ပန်းနေတာမို့မုန်းပါရစေ

"ထယ်ယောင်း ငိုနေတာလား ဒါမှမဟုတ်တစ်နေရာကနာနေလို့လား"

"အကိုဂျင် ကျွန်တော်ခနလောက်ပြန်အိပ်ချင်တယ်"

"အော် အွန်းပါ ကောင်းကောင်းနားနော် အကိုအပြင်ခနသွားအုန်းမယ်"

"အကိုဂျင်"

သူခေါ်လိုက်တော့ စိတ်မကောင်းတဲ့မျက်လုံးတွေနဲ့ကြည့်လာတဲ့အကိုဂျင်ပါလေ သူကားတိုက်ခံရတုန်း နောက်ဆုံးသူ့စီအလောတကြီးပြေးလာတဲ့ ဂျွန်က အခုချိန်ဘယ်ရောက်နေလည်းမသိ

မငြိုးပန်း❣️Where stories live. Discover now