☘️5

161 16 0
                                    

ဂျောင်ဂုတစ်ယောက် အလုပ်နားတဲ့၄/၅ရက်အတွင်းဖြစ်ပျက်သွားတဲ့ပြသာနာတွေကြောင့်အခုသူ့မှာခေါင်းရှုပ်နေရပြီ သူတို့အလုပ်ကမင်းသမီးကိုခြိမ်းခြောက်စာပို့တဲ့Messageကသူ့စီကိုပါရောက်လာနေခြင်း ဒါသူ့မှာတာဝန်အပြည့်အဝရှိတာမို့ မင်းသမီးရဲ့မိဘတွေကလည်း ဒီပြသာနာကိုဘယ်လိုဖြေရှင်းပေးမှာလည်းဆိုပြီး လာပြောနေကြပြီ ဒီအလုပ်ကိုမင်ယွန်ဂီကိုလွဲပေးမှာမို့ မင်ယွန်ဂီကလည်းအခုထိမပြန်လာသေးဘူး ဂျောင်ဂုတော်တော်အနားယူခြင်းနေပါပြီ သူမသွားခင်တော့ဒီပြသာနာတော့ဖြေရှင်းပေးရမယ်မလား

"ဒါရိုက်တာကြီး အခုဘာထိုင်လုပ်နေတာလည်း သူကအခုအလုပ်ရုံးရှေ့မှာရောက်နေပြီ"

ခြိမ်းခြောက်စာပို့တဲ့တစ်ယောက်ကဘာကိစ္စအလုပ်ထိကိုရောက်နေရပြန်ပြီတုန်း

ဂျောင်ဂုစဥ်းစားနေတုန်း သူ့စီကိုဝင်လာတဲ့Messeage

"ငါမင်းသမီးနဲ့စကားပြောချင်တယ် သူအဲ့မှာရှိတာငါသိတယ် ငါကိုသူကိုပေး"

"ကြားလား သူ့ကိုထုတ်မပေးရင် ငါအကုန်သတ်ပစ်မှာနော်"

"တောက်!!!"

ဂျောင်ဂုစဥ်းစားမနေပဲ ကဗျာကသီအလုပ်ခန်းထဲကထွက်လာလိုက်တယ် အကိုဂျင်တို့အလုပ်ခန်းရှေ့အရောက်

"ကင်မ်ထယ်ယောင်း "

"ဗျာ"

"ဒါရိုက်တာကြီး ကျွန်တော်တို့ကိုဘာခိုင်းစရာရှိလို့လည်း"

ခေါ်တာကကင်မ်ထယ်ယောင်းကို ပြန်ထူးပြီးဖြေနေတာကအကိုဂျင်

"အကုန်လုံးအတွက်အလုပ်ရှိတယ်  ကင်မ်ထယ်ယောင်း မင်းကငါနဲ့ခနလိုက်ခဲ့"

"ဟုတ်....ဟုတ်ကဲ့"

ထယ်ယောင်းတစ်ယောက် ဂျောင်ဂုခေါ်တဲ့နောက်ကိုလိုက်လာခဲ့တော့ ဂျောင်ဂုခေါ်လာတာကမိတ်ကပ်ခန်း ဘာလုပ်မလို့ပါလည်း အခန်းထဲရောက်တော့ မိတ်ကပ်ပြင်ပေးတဲ့သူကိုဂျောင်ဂုပြောတဲ့စကားက

"ကင်မ်ထယ်ယောင်းကို မင်းသမီးနူနာနဲ့ တူအောင် ဆံပင်အတုကအစတပ်ပေးသေချာပြင်ပေးလိုက်"

မငြိုးပန်း❣️Where stories live. Discover now