☘️3

192 17 6
                                    

ထယ်ယောင်းဖုန်းကိုသာထိုင်နေကြည့်နေတာ လူကအခုထိတစ်မှေးမှမမှေးရသေးဘူး သူ့ကိုဖုန်းလေးတစ်ချက်လောက်ပြန်ခေါ်မလားဆိုတဲ့ မျှော်လင့်ချက်လေးတစ်စွန်းတစ်စလေးနဲ့ မျှော်နေတာ ချစ်ရသူကအလုပ်မအားဘူးနဲ့တူပါရဲ့သူ့ကိုတောင်သတိရပုံမပေါ်ဘူး ထယ်ယောင်းမှန်ရှေ့သွားပြီး ကိုယ့်ကိုပြန်ကြည့်နေမိတယ် အခုမှသူပုံစံကအရှုံးသမားနဲ့တူနေတယ် ဂျွန်က သူနဲ့ဟော့ဒီထဲကကလေးလေးကို လက်မခံဘူး ပါးပါးဘာလုပ်ရမှန်း ခလေးရယ် မိဘတွေစီလည်းပြန်မသွားချင်ဘူး အခုလိုဒုက္ခရောက်နေမှ မိဘတွေကိုတမ်းတနေတာမျိုးကို ကျွန်တော်ဘယ်တော့မှမလုပ်ဘူး ကိုယ်ရွေးချယ်ထားတဲ့ ဒုက္ခကိုကိုယ်ပဲခံရတော့မယ်လေ......
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^

"ဂျွန် ဘေဘီစီကိုဒီညတော့ တကယ်လာမယ်မှတ်လားဟင်"

"အိုးး ဆောရီးဘေဘီ ကိုယ်ကမိန်းခလေးတွေစီကို လျှောက်လိုက်နေတဲ့သူမဟုတ်ဘူး မနက်ပိုင်းတွဲပေးတာကိုပဲ ကျေနပ်စမ်းပါ"

"ဂျွန်ကလည်းး"

"ကိုယ်အလုပ်လုပ်တော့မယ် ထွက်သွားပေးပါလား"

ရုံခန်းထဲလာပြီးရှုပ်နေတဲ့ အရှုပ်ထုပ်ကိုမောင်းထုတ်လိုက်မှ တော်ကာကျတယ် အနားကိုကပ်သီးကပ်သဲ့လာလုပ်နေတာကိုမကြောက်ဘူး ကင်မ်ထယ်ယောင်းလိုအခွန့်မတက်ပဲ သူထားတဲ့နေရာမှနေ သူ့စကားတစ်ခွန်းပဲ အဲ့လိုမျိုးပဲကြိုက်တာ ကင်မ်ထယ်ယောင်းဆိုကာမှ

"တီ...တီ"

ဂျောင်ဂုဖုန်းနံပါတ်ကိုအလျင်အမြန်နှိပ်ပြီး အလုပ်ရုံခန်းစီသို့

"ဟယ်လို အကိုဂျင်"

"ဟယ်လို ဒါရိုက်တာကြီးပြောပါဗျ ဘာများခိုင်းစရာရှိလို့လည်းဗျ"

"ကင်မ်ထယ်ယောင်းကို ငါ့ရုံခန်းထဲခနလွှတ်လိုက်"

"အာ....ထယ်ယောင်း ဒီနေ့အလုပ်မလာပါဘူး နေမကောင်းလို့ ခွင့်တိုင်ထားတာ မနေ့ကထဲက"

"ဘာ.. ဒီကောင် အားအားယားယားအလုပ်ပဲနားနေတာ ထားလိုက်တော့ ဒါပဲ"

"ဟုတ်ကဲ့"
--တီ---တီ------

"ကင်မ်ထယ်ယောင်း ငါ့ကိုမနေ့ကပြောတာတကယ်ကြီးများလား မဖြစ်နိုင်တာ ယောကျ်ားလေးကကိုယ်ဝန်ရှိတယ်တဲ့ ပြောရင်းနဲ့တောင် ရယ်ချင်လာပြီ"

မငြိုးပန်း❣️Where stories live. Discover now