ဦးငယ်

4.5K 225 1
                                    

''ဦးငယ်''
Ep(4)

''ဟိတ်.... ! ဂျီကောင်လေး...''

''ဟင်.... ဦးငယ် ဘယ်လိုဖြစ်...ပြီး...''

''ကိုယ့် အလုပ်မှာ ဒီနားမှာလေ...
ဂျီလေး  ကျောင်းက ဒါလား...''

''ဟုတ် ''

သိထားပြီးသား ကိစ္စတွေ...
မသိချင်ယောင်ဆောင်ပြီး Jeon စကားစလိုက်သည်...
မတော်တဆ တိုက်ဆိုင်ပြီးတွေ့တာမဟုတ်ပဲ
တမင်ဖန်တီးယူထားတဲ့ အရာဆိုတာကိုတော့
Jeon ကလွဲပြီး ဘယ်သူသိမှာလဲ...

''တိုက်ဆိုင်လိုက်တာ...နောက်ဆို ခနခန ဂျီကောင်လေးနဲ့ တွေ့ရတော့မှာပဲ...''

''ဂျီကောင်လေးမဟုတ်ပါဘူး ဦးငယ်ကလဲ
ဂျီလေး ပါ''

''ဟားးဟားးး... ဟုတ်ပါပြီ ဂျီလေးရယ်
အတော်ပဲ...ကိုယ် ဗိုက်ဆာနေတာ...
ဟိုနေ့ကပြောတော့ ဦးငယ်ကို မုန့်ဝယ်ကျွေးမယ်ဆို
အဲ့ဒါ အခုလိုက်ကျွေးလေ....''

''ဟမ်...! အခုလား....''

''အင်း....ဂျီ အချိန်မရလို့လား...''

ကိုယ့် ရင်ခုန်နေရတဲ့ crush ကြီးက
မုန့်စားဖို့ ခေါ်နေတာဆိုတော့ ဂျီ မငြင်းနိုင်ခဲ့...
ဒါပေမယ့် လဲ ဂျီ စာအတူတူလုပ်ဖို့
Tae တို့နဲ့ ချိန်းထားခဲ့တာလေ....
ရုတ်တရက်ကြီး ဦးငယ် နဲ့လိုက်သွားတာသာသိရင်
သူတို့ သိပ်စိတ်ဆိုးကြတော့မှာ....

''ဟို...ဂျီကလေ...ဒီနေ့ သူငယ်ချင်း တွေနဲ့
စာအတူတူလုပ်ဖို့... အဲ့ဒါ...ချိန်းပီးသား ဖြစ်နေတာ
မနက်ဖန်တော့ ဂျီ အားပါတယ်''

အရဲစွန့်သာပြောရတယ်
ဦးငယ် မျက်နှာကို ဂျီမကြည့်ရဲ...
ငြင်းလိုက်တာများ မှားသွားပြီလား....ဆိုတဲ့
အသိကြီးဟာ စိုးမိုးနေခဲ့သည်...

''အင်းပါ ဂျီ မအားရင်ထားလိုက်ပါတော့
အတင်းမခေါ်ပါဘူး...ဒါဆို ကိုယ်သွားပြီနော်''

''ဟို...ဦးငယ် ခနလေး...''

မအားဘူးဆို၍ ထွက်သွားမည်အကြံ
ကပြာကယာ တားလာကာ အိတ်ထဲမှ တခုခုကို
ဂျီ မွှေနှောက်ရှာနေခဲ့သည်...
ခနကြာပြီးနောက်....အိတ်ထဲမှ တစုံတခုကို ထုတ်ကာ
လှမ်းပေးလာခဲ့သည်...

''ဒါ ဦးငယ် အတွက် ''

ကြည့်လိုက်မိတော့ အသဲပုံဖော်ထားသော
ချောကလက် အနီရောင်လေး...
Jeon နှစ်နှစ်ခြိုက်ခြိုက် ပြုံးလိူက်မိသည်....
ဒီကလေးနဲ့ပတ်သတ်ပြီး
ဘာစိတ်မှမရှိ သဘောတကျရယ်လိုက်မိတာ
ဒါပထမဆုံးပဲထင်ပါရဲ့....
လုပ်ယူထားခြင်းမရှိသော ရိုးသားစွာ
ချစ်စရာကောင်းနေခြင်းမို့
Jeon သဘောတကျပြုံးလိုက်မိခြင်းပင်.....

''ဦးငယ်''Wo Geschichten leben. Entdecke jetzt