ဦးငယ်

3.7K 251 10
                                    

"ဦးငယ်"
Ep 6

ဆုံစည်းခွင့်ရတာ ဝေးဖို့ အတွက်ဆိုရင်....
နာကျင်ရဖို့ သပ်သပ်အတွက်ဆိုရင်....
ဦးငယ်နဲ့ မဆုံတွေ့ရဖို့
ဂျီ ....ဘုရားမှာ ဆုတောင်းခဲ့ မိမှာပါ....။

................................။

"ဂျီ ဂျီ"

"ဗျာ ဖေဖေလေး"

"ဒီမှာ ခန လာထိုင်...!"

"ဟုတ်ကဲ့...."

ဖေဖေလေးရဲ့ မျက်နှာနဲ့ အသံဟာ
အရင်တွေ့နေကျပုံစံနဲ့ မတူ
အနည်းငယ် တင်းမာနေသည်....
Daddy ကိုလှမ်းကြည့်တော့ လဲ မျက်နှာမကောင်း တာကြောင့်
ရင်တထိတ်ထိတ်နဲ့ ဖေဖေလေးဘေးက
ဆိုဖာပေါ်သို့ ကျုံ့ကျုံ့လေး
ဝင်ထိုင်လိုက်ရသည်....

"ဘယ်ကပြန်လာတာလဲ"

"Tae တို့နဲ့ စာသွားလုပ်နေတာလေ ဖေဖေလေး"

"ငါ့ကို မလိမ်တတ်ပဲ လာမလိမ်နဲ့စမ်းးးး
ဘယ်က ပြန်လာတာလဲ မှန်မှန်ဖြေ...!"

ဖေဖေလေး အော်လိုက်တဲ့အခါ
ဂျီ့ ခန္ဓာကိုယ်လေး သိမ့်ခနဲတုန်သွားတဲ့အထိ
လန့်သွားမိသည်....
ဖေဖေလေးဆီက တခါမှ အော်တာမခံရဖူးတဲ့အခါ ကြောက်တာရော ဝမ်းနည်းတာပါရောပြီး ဂျီ မျက်ရည်ဝိုင်းခနဲ....

"ငယ် မင်းကလဲကွာ ကလေးကို"

"မောင် မင်းတိတ်တိတ်နေ
မင်းး အလိုလိုက်လို့ သားက
ငါတို့ကိုပါ လိမ်တတ်လာတာ"

ကူပြီး ဝင်ပြောပေးတဲ့
Daddy အထိ ဖေဖေလေးက
ပြန်လှည့်အော်သည်...
Daddy က ဖေဖေလေး ကို သိပ်ချစ်တာမို့
ဘာမှ ဆက်မပြောတော့....
ဂျီ့ကိုသာ အခက်တွေ့ဟန်ဖြင့် ကြည့်လာခဲ့သည်....

"ဂျီဂျီ ငါမေးးးနေတယ်နော်
မင်း ဘယ်ကပြန်လာတာလဲ အခု"

"ဂျီ ....သူငယ်ချင်း တယောက်နဲ့
တွေ့ နေလို့ပါ...."

"ဘယ်သူလဲ ဘယ်ကလူလဲ ဘာလုပ်တဲ့ လူလဲ
မင်း ဒီအချိန်ထိ အပြင်မှာ ဘယ်တုန်းကနေခဲ့ဖူးလို့လဲ ဟမ်...!"

"ဟို.... ဂျီ သူနဲ့ စကားပြောနေရင်း
မှောင်လာတာကို သတိမထားလိုက်လို့ပါ"

"ငါ ဒီနေ့ Tae တို့အိမ်ကို မင်း daddy နဲ့
အလည်လာတာ Hoseok က Tae နဲ့ အတူရှိ‌ေနပေမယ့် မင်းပဲ ကွက်ပြီး ပျောက်နေတာ ဂျီဂျီ ငါတို့ကို လိမ်ပြီးသွားရအောင်
အဲ့ဒီလူက ဘယ်သူမို့လို့လဲ"

''ဦးငယ်''Where stories live. Discover now