ဦးငယ်

3.8K 276 27
                                    

ဦးငယ်
Ep11

"ဂျီလေး... အဆင်ပြေလား
သက်သာရဲ့လား..."

"မိူင်တွေ နေတာပဲ ဂျီ ရာ မင်းကလဲ..."

ဖေဖေလေးနဲ့ Daddy တို့
နှလုံးအထူးကု
ဆရာဝန်ကြီးဆီသို့ ခနသွားရောက်ကာ စကားပြောနေကြစဉ်
Hoseok နဲ့ Tae တို့ က
ဘေးမှာနေပေးကြရင်းအားမလိုအားမရ ပြောလာခဲ့ကြခြင်းဖြစ်သည်....

ဂျီလေးကတော့ ဘာမှပြန်မပြော
သူငယ်ချင်း‌တွေနဲ့လဲ  မျက်နှာချင်းမဆိုင်ပဲ
ပြတင်းပေါက် တနေရာကိုသာ
‌တွေတွေကြီးငေးမောနေခဲ့သည်....

"ငါတို့ပြောတာ ကြားရဲ့လား ဂျီဂျီ...
တခုခုပြန်ပြောဦးလေကွာ ဒီလိုကြီး
မနေပါနဲ့ ...."

"......"

အချစ်ကသတ်ရင်
လူတိုင်းသေတယ်ဆိုတာ မှန်လိုက်တာ....
အရင်ကဆို အမြဲပျော်ရွှင်တတ်ကြွနေတတ်တဲ့ ဂျီလေးဟာ အခုတော့ အရုပ်လေးတရုပ်ချထားသလို
ဘာစကားမှ ပြန်မပြောခဲ့
ဘာအဖြေမှလဲ ပြန်မရခဲ့ပါ....

စိတ်ဒဏ်ရာရတယ်ဆိုတာ ထင်ထားတာထပ် ပိုပြီးကြောက်ဖို့ ကောင်းတယ်
သူ့အရွယ်လေးနဲ့မှ မလိုက် ရလိုက်တဲ့
စိတ်ဒဏ်ရာတွေ
အချစ်ရဆုံး ယုံကြည်ခဲ့ရဆုံး သူကပေးခဲ့တဲ့ ဒဏ်ရာတွေဆိုတော့
ပိုဆိုးပါတယ်....

ဒဏ်ရာဗလာပွနဲ့
ဆေးသွင်းပိုက်‌တွေ များစွာသွင်းထားရတဲ့
လက်ကလေး...
အရင်က ကျောင်းဝတ်စုံလေးဝတ်ပြီး
စက်ဘီးလေးနဲ့ ကျောင်းသွားတဲ့သူကလေးဟာ
အခုတော့ ဆေးရုံဝတ်စုံဝတ်ကာ....
ငြီးငွေ့စရာ ဘဝကြီးကို တယောက်ထဲ
ရင်ဆိုင်ကျော်ဖြတ်နေရသည်....

အနားမှာ အနီးကပ် နေပေးမယ့်လူမရှိရင်
အချိန်မရွေးတခုခုဖြစ်သွားနိုင်တာကြောင့် အားလုံးရဲ့ စောင့်ကြည့်ခြင်းခံနေရတဲ့ ဘဝ....
ဆေးလာသွင်းတဲ့ ဆရာမတွေရဲ့ ပုံရိပ်တွေ
လက်သေးသေးလေးရဲ့
သွေးကြောမှန်သမျှကို အပ်နဲ့
ထိုးဖောက်ရှာကာ သွေးခနခနလာစစ်နေသော ဆရာဝန်‌တွေ အကုန်လုံးကို
ဂျီ မုန်းတယ်...

မဟုတ်ရင်တောင် ဒဏ်ရာဗလာပွနဲ့လူကို
ဆက်ပြီး ဒဏ်ရာတွေပေးပြီး
ဒီလူ့ဘဝကြီး ထဲ ခေါ်ထားမှ ဖြစ်မှာလား....
ကျေးဇူးပြုပြီး ထွက်သွားခွင့်ပေးလိုက်လို့
မရဘူးလား.....

''ဦးငယ်''Where stories live. Discover now