ဦးငယ်

4.5K 274 32
                                    

ဦးငယ်
Ep22

" လူယုတ်...မာ ..."

" ဂျီလေး... ဦးငယ် ...လေ...ဂျီလေးနဲ့...
မဝေးချင်လို့ပါ...အဲ့ ဒါကြောင့်..."

" မပြောနဲ့ ...!!! မကြားချင်ဘူး...! "

" ဂျီလေး..."

" ခင်ဗျား ပါးစပ်ပိတ်ထား !!!
ကိုကြီး ဘယ်မှာလဲ ငါ့ကို ကိုကြီးဆီ
ပြန်ပို့ပေးးး "

" ကိုကြီးးးး ကိုကြီးးကိုကြီးးး
မင်းသိတာ အဲ့ကောင်ပဲ
အဲ့ကောင် အပြင် မင်းသိတာ ဘာရှိလဲ
ဘာရှိလဲ ဟမ် ...!
အဲ့ကောင်ကို မင်း က လူကောင်းလို့
ထင်နေတာလားးးးဟမ်
ဒီမှာ ငါပြောပြမယ်
ဘယ်ကောင်မှ အကြောင်းအရင်းမရှိပဲ
မင်းကို မကူညီဘူး နားလည်လား
မင်းလိုလှလှလေးကို လိုချင်လို့
ကူညီချင်ယောင်ဆောင်ပြီး
အိမ်ပေါ်ခေါ်တင် မင်းစိတ်ကို
သိမ်းယူဖို့ လုပ်နေတာကွ .... !!!
အဲ့ကောင်က မင်းကို ကြိုက်နေတာ
သူ ဖွင့်ပြောရင် မင်းငြင်းလို့ မရအောင်
ကျေးဇူးတရား တွေနဲ့
မင်းစိတ်ကို စိုးမိုးနေတာ မင်းးးးသိလားး"

ချစ်ရသူက ကိုယ့်ကို မမြင်ပဲ
တဖက်လူဘက်ကို ခံစားချက်
ပိုနေတဲ့ အခါ
လူကြီးတန်မဲ့ မျက်ရည်တွေ စီးကျကာ
အထိန်းအကွပ်မရှိ ပြောမိတော့သည်...

မရှက်ဘူးလားဆို ရှက်ရမှန်းတောင်
မသိတော့ဘူး....
အပြစ်ရှိတာ သိပါတယ်....
အတိတ်မှာ လွန်ခဲ့တာတွေ ရှိတယ်
ဝန်ခံတယ်....
ပေါ့ဆပြီး ကိစ္စတစ်ခုကို
သေချာ မစစ်ဆေးပဲ ယုံခဲ့မိလို့
ဂျီလေး အပေါ်မှာ ရော သူ့မိသားစု
အပေါ်မှာရော ဦးငယ် လွန်ခဲ့မိပါတယ်....
ဒါတွေ အတွက် တောင်းပန်တယ်လေ
ဦးငယ် မှာတကယ်ပဲ ချစ်ခွင့်
မရှိတော့တာလား....

"အော်...."

ကိုယ့် မျက်နှာကို စေ့စေ့ကြည့်ကာ
ဘာမှ မဖြစ်ခဲ့သလို ပုံစံမျိုးနဲ့ 
သွေးအေးအေး ပြောနိုင်သူကို
အံ့ဩမိသည်....
အတိတ်မှာ လူးလိမ့်နေအောင်
ခံစားခဲ့ရတာ ကိုယ်ပါ....
ဘာကြောင့်များ သူတို့က လိပ်ပြာလုံသလို
နေနိုင်ကြပြီး ကိုယ်တယောက်ထဲကပဲ
အပြစ်ရှိသလို ခံစားနေရတာလဲ ....
မျက်နှာ ပြောင်တိုက်နိုင်တာတွေကိုလဲ
အံ့ဩလွန်းလို့ တုန့်ပြန်စရာ
စကားတွေ ပင် ရှာမတွေ့ခဲ့ ....

''ဦးငယ်''Where stories live. Discover now