INTRO

325 43 16
                                    


''ဟာ...ဘာတွေဖြစ်ကုန်တာလဲ..ကယ်ကြပါအုံး!!"

မွန်းတည့်ချိန်၌ အလင်းရောင်ပျောက်ကွယ်သွားပုံက လမိုက်တဲ့ညလိုပင်။ရုတ်တရက်ဆန်သော အမှောင်ကျမူ့ကြောင့် လူကြီးများ၏ ကြောက်လန့်တကြားရေရွှတ်သံများနဲ့အတူ ကလေးသူငယ်များ၏ စူးစူးဝါးဝါး အော်ငိုသံများထွက်ပေါ်လာသည်။အလင်းရောင်ကြောင့် ရဲရင့်တက်ကြွရသလို အလင်းပျောက်တော့ ဆောက်တည်ရာမရ ဖြစ်သွားကြသည်။ထိတ်လန့်မူ့ကြောင့်စိတ်မထိန်းနိုင်ကြတော့ပဲ pheromoneရနံ့ ပေါင်းစုံဟာ နေရာတိုင်းပျံ့လွှင့်ကုန်သည်။ Betaများက ထိတ်လန့်ရုံကလွဲလို့ အဆင်ပြေကြပေမယ့် Alphaနဲ့Omega တွေကတော့ pheromoneရနံ့တို့ကြောင့် မကြာမီ ဆင်ခြင်တုံတရားမရှိ အချင်းချင်းမသိကြတော့ပဲ စိတ်လွတ်သွားကြတော့မည်။

"အ..အ...အ!!"

နေရာတိုင်းမှာ ကြားရသည်အထိ ကျောချမ်းဖွယ် ကျယ်လောင်စူးရှသော ကျီးကန်းသံကြီးကြောင့် စိတ်လွတ်သွားသူတွေဟာ အသိဝင်လာပြီး ငြိမ်သက်သွားကြ၏။

"ဝေါ..ဝေါ...ဝေါ.."

ထိုစဥ် လေနီ​ကြမ်း​တွေ တိုက်ခတ်လာပြန်သည်။ အေးစက်သော လေတွေဟာ လူတိုင်း၏ အသွေးအသားစိတ်ဝိညာဥ်ထဲထိ စိမ့်ဝင်ကာ ချမ်းခိုက်သွားစေတော့သည်။

ကူကယ်ရာမဲ့အခြေအနေ၌ လက်တစ်ဖက်မှာ မီးတုတ်ကိုကိုင်ထားတဲ့ နတ်ဆရာကြီးကို မြင်တွေ့လိုက်ရတာကြောင့်..

''နတ်ဆရာကြီး..ကျွန်တော်တို့ကိုကယ်ပါအုံး"

အမှောင်ထဲမှလူထုရဲ့ငိုကြွေးသံတွေဟာ ကျယ်လောင်စူးရှလျက်။နတ်ဆရာကြီးမှာ အိုမင်းမစွမ်းမူ့ကြောင့် တောင်ဝှေးကိုမှီ​ထောက်ထားသော်လည်း တည်ငြိမ်ရင့်ကျတ်တဲ့မာန်က မျက်နှာမှာအထင်းသား။ကောင်းကင်ကိုမော့ကြည့်လိုက်ပြီးနောက်

"မှောင်မိုက်ခြင်းရဲ့အရှင်သခင်..လိမ်ညာကောက်ကျစ်​​​ခြင်းရဲ့ပိုင်ရှင်..အသွေးအသား
ကိုစားသုံးသော..ပျက်စီးခြင်းကိုသာအလိုရှိသော နတ်ဆိုးဟာ နိုးထချိန်၌ မွန်းတည့်ချိန်၌ နေဝင်မည်..မဲနက်သောဝတ်ရုံကိုခြုံထားတဲ့ နတ်ဆိုးတမန်တော်၏အသံကိုနေရာတိုင်းကြားရလိမ့်မည်..လေအေးတွေဟာ အသွေးအသားစိတ်ဝိညာဥ်တွေထိ အေးစက်စေလိမ့်မည်...နတ်ဆိုးဟာ အနောက်အရပ်ဆီကအရှင် လောဘဒေါသပြည့်နှက်နေတဲ့ ဝိညာဥ်ကို ပူးကပ်သွားချိန် တော်လဲသံနဲ့အတူ မြေသားထုကြီးဟာ လှုပ်ခတ်သွားလိမ့်မည်... ဘိုးဘေးတွေရဲ့ဟောကိန်းဟာ အမှန်တကယ်ဖြစ်လာခဲ့​ပြီပဲ"

The Warrior's OmegaWhere stories live. Discover now