About The Countries

121 15 2
                                    

နေထွက်ရာအရပ်ကို ဗဟိုပြုပြီးနေရာဒေသတို့ကို အရှေ့၊အနောက်၊တောင်၊မြောက်စသဖြင့် သတ်မှတ်ခဲ့ကြသည်။

Country~Quire(ကွိုင်ယာ)
Citizen~Quirer

အရှေ့အရပ်မှာတည်ရှိပြီး ကျွန်းနိုင်ငံဖြစ်သည်။Suranပင်လယ်ကြီးကြောင့် တခြားသောနိုင်ငံများနှင့်ကုန်းမြေထိစပ်ခြင်းမရှိပဲ သီးခြားဖြစ်တည်နေသည်။တစ်နှစ်ပတ်လုံးမိုးရေချိန်များသော ဒေသဖြစ်သည်။
Quirerတို့မှာ ရေလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြပြီးတိုးတက်မူ့နှေးကွေးသော နိုင်ငံဖြစ်သည်။

ဥပ​ဒေဟာ အောက်ခြေလူတန်းစားတို့အတွက် တရားမျှတဖို့တောင်းဆိုနေရပြီး
နိုင်ငံအတွင်း လာဘ်ပေးလာဘ်ယူမူ့များမြှင့်တက်လျက်ရှိကာ ဥပဒေအထက်မှာချမ်းသာတဲ့လူတန်းစားရှိ၏။

Quierဘုရင်မှာ Male Beta Daejan ဖြစ်ပြီး ကြင်ယာတော်မိဖုရား နှစ်ပါးရှိသည်။နန်းမျိုးဆတ်အနေနဲ့သားတော်တစ်ပါး,သမီးတော်နှစ်ပါးထွန်းကားသည်။

ကျန်တဲ့မျိုးစိတ်များမရှိပဲBetaများသာနေထိုင်ကြသည်။

ကျွန်းနိုင်ငံငယ်လေးဖြစ်တာကြောင့် စစ်သည်အင်အားက သိပ်မတောင့်တင်း။အသင့်အတင့်သာရှိသည်။

-----

Country~Hertz(ဟက်ဇ်)
Citizen~Hertzar

အနောက်အရပ်က နိုင်ငံဖြစ်သည်။လက်ဝဲဖက်တွင် Xylem,လက်ယာဖက်တွင်
Alcazaနိုင်ငံတို့နှင့် နယ်နိမိတ်ချင်းထိစပ်လျှက်ရှိပြီး အပူပိုင်းရာသီဥတုရှိသောနိုင်ငံဖြစ်၏။

နိုင်ငံအဝန်း စိမ်းလန်းသောသစ်တောကြီးများ များစွာရှိ၏။Hertzarတို့က သစ်တောကြီးများကိုခုတ်လှဲပြီး သစ်ထုတ်လုပ်ရေးလုပ်ငန်း၊ပရိဘောဂလုပ်ငန်း၊လောင်စာထုတ်လုပ်ရေးလုပ်ငန်းတို့ကို လုပ်ကိုင်ကြသည်။

နှစ်ပေါင်းများစွာကြာတဲ့အခါ တောတွေပြုန်းကာ မိုးခေါင်ရေရှားဒေသဖြစ်ခဲ့သည်။စိုက်ပျိုးရေးလုပ်ငန်းများပါထိခိုက်ပျက်စီးလာတာကြောင့် နိုင်ငံတွင်း ငတ်ပြတ်သေဆုံးမူ့တွေဖြစ်လာကြ၏။

Hertzဘုရင်လုပ်ကြံခံရပြီး
စစ်သူကြီးRuthan နန်းတက်ချိန်မှစ၍ Hertzarတို့ဟာ အရှင်လတ်လတ်ငရဲခံရတော့သည်။နိုင်ငံတွင်းရှိMale Alpha,Male Betaအားလုံးကို စစ်သည်အဖြစ်စုဆောင်းသည်။ကိုယ်ရောစိတ်ပါထိခိုက်အောင်နှိပ်စက်ညှင်းပန်းသည်။အမိန့်နာခံရုံကလွှဲလို့ဘာမှမသိတဲ့အထိ အကြောက်တရားကိုပျံ့နှံ့စေသည်။Female Alpha,Female Beta,Omegaတို့ကိုအခိုင်းအစေအဖြစ် လိင်ကျွန်အဖြစ်စေခိုင်းပြီး မျိုးဆတ်သစ်တွေကိုမွေးဖွားစေသည်။

The Warrior's OmegaWhere stories live. Discover now