PART_1

158 25 27
                                    

Xylemနေပြည်တော်

နတ်ဆိုးဟာ နိုးထလာသည်နှင့် ရွှေးချယ်ထားတဲ့သူထံ ပူးကပ်နိုင်ခဲ့လေသည်။နေထိုင်ရှင်သန်ရသည်က အရင်နဲ့မတူ အထိတ်တလန့်ရှိလှ၏။ဘေးအန္တရာယ် နီးကပ်လာတဲ့အငွေ့အသက်ကြောင့် အစစအရာရာ သတိထားနေရတော့သည်။

ဖြစ်လာတဲ့အခြေအနေတို့ကြောင့်
နိုင်ငံကာကွယ်ရေးအတွက် အရေးပေါ်အစည်းအဝေးပြုလုပ်ခဲ့၏။

''Hertzတွေဘက်က ကျူးကျော်စစ်အတွက် စပြီးပြင်ဆင်နေပြီ"

"တားဆီးဖို့နည်းလမ်းရှိမှာပါ..စစ်ပွဲတွေကို ဖြစ်မလာစေချင်ဘူး"

နန်းရင်းဝန်၏ တွေးဆဆ ပြောဆိုမူ့ကြောင့်

''Hertzတွေစတင်တဲ့စစ်ပွဲကို ဘယ်လိုနည်းလမ်းနဲ့ တားဆီးမှာလဲ...ခင်များက သွားညှိနိူင်းမလို့လား"

အသက်ငယ်ပေမယ့် အရှင်Lee Shinကို
ပင် အာဏာသက်ရောက်သည့် အပြောအဆို ပြတ်သားလွန်းတဲ့ စစ်သူကြီးJeonကြောင့် အမတ်ကြီးမှာ လူပုံအလယ် မျက်နှာမထားတတ်အောင်ဖြစ်သွားရ၏။

''မင်းဘယ်လိုစဥ်းစားထားလဲJung kook..."

အရှင့်ရဲ့အမေးကို

''စစ်ကိုမရှောင်နိုင်မှတော့ စောင့်မနေချင်ဘူး...ဒီစစ်ပွဲကို ကျုပ်တို့ဖက်က စတိုက်မယ်"

လုံခြုံရေးတပ်ဖွဲ့ခေါင်းဆောင်က ကင်းထောက်စစ်သည် ပြန်ရောက်လာကြောင်း သတင်းပို့လာသည်။

''အကြောင်းထူးပြီထင်တယ်...အထဲကိုဝင်ခွင့်ပေးလိုက်"

တံခါးဝကနေ အရိုအသေပေးပြီးဝင်လာတဲ့စစ်သည်မှာ ဒဏ်ရာတွေ ရရှိလာပြီး လက်မောင်းရင်းနားက ပြတ်ရှရာကြီးကို ဖြစ်သလိုစည်းနှောင်ထားတဲ့ အဝတ်စကြားက မြင်နေရသည်။ဆေးကုသဖို့ လက်မခံပဲ ရလာတဲ့သတင်းကိုအမြန်ဆုံးပြောပြချင်ဟန်ရှိသည်။ပြောစေဆိုတဲ့ အမူအရာကိုပြလိုက်တော့

''အစောပိုင်းရက်တွေမှာ တွေ့ရတဲ့
Hertzarစစ်သည်တွေက ကျွန်တော်တို့လိုသာမာန်ပါပဲ..ဒါပေမယ့် သတင်းအရ လျိုဝှတ်စမ်းသပ်စခန်းကိုရောက်သွားတော့ အဲ့ဒီက Hertzarတွေရဲ့မျက်ဆံတွေဟာ နီရဲတောက်နေပြီး အားလုံးက wolf formတွေနဲ့ပါ ..ကြံ့ခိုင်တဲ့ ကျွန်းပင်ကြီးတွေ ကျောက်တုံးတွေကို တစ်ခါထဲတွန်းလှဲနိုင်တာလည်းတွေ့ရတယ်..Alcazaက စစ်သည်တွေလည်း ကျွန်တော်တို့နဲ့အတူသတင်းယူခဲ့ပါတယ်..အနံ့ကြောင့် ကျွန်တော်တို့ရှိနေတာသိပြီး တိုက်ခိုက်ကြတော့ ကျွန်..ကျွန်တော်နဲ့အတူAlcazaက စစ်သည်တစ်ယောက်ပဲ လွတ်မြောက်ခဲ့ပြီး ကျန်တဲ့စစ်သည်တွေအားလုံးကျဆုံးခဲ့တယ်"

The Warrior's OmegaWhere stories live. Discover now