''ဟာ...ဘာတွေဖြစ်ကုန်တာလဲ..ကယ်ကြပါအုံး!!"မွန်းတည့်ချိန်၌ အလင်းရောင်ပျောက်ကွယ်သွားပုံက လမိုက်တဲ့ညလိုပင်။ရုတ်တရက်ဆန်သော အမှောင်ကျမူ့ကြောင့် လူကြီးများ၏ ကြောက်လန့်တကြားရေရွှတ်သံများနဲ့အတူ ကလေးသူငယ်များ၏ စူးစူးဝါးဝါး အော်ငိုသံများထွက်ပေါ်လာသည်။အလင်းရောင်ကြောင့် ရဲရင့်တက်ကြွရသလို အလင်းပျောက်တော့ ဆောက်တည်ရာမရ ဖြစ်သွားကြသည်။ထိတ်လန့်မူ့ကြောင့်စိတ်မထိန်းနိုင်ကြတော့ပဲ pheromoneရနံ့ ပေါင်းစုံဟာ နေရာတိုင်းပျံ့လွှင့်ကုန်သည်။ Betaများက ထိတ်လန့်ရုံကလွဲလို့ အဆင်ပြေကြပေမယ့် Alphaနဲ့Omega တွေကတော့ pheromoneရနံ့တို့ကြောင့် မကြာမီ ဆင်ခြင်တုံတရားမရှိ အချင်းချင်းမသိကြတော့ပဲ စိတ်လွတ်သွားကြတော့မည်။
"အ..အ...အ!!"
နေရာတိုင်းမှာ ကြားရသည်အထိ ကျောချမ်းဖွယ် ကျယ်လောင်စူးရှသော ကျီးကန်းသံကြီးကြောင့် စိတ်လွတ်သွားသူတွေဟာ အသိဝင်လာပြီး ငြိမ်သက်သွားကြ၏။
"ဝေါ..ဝေါ...ဝေါ.."
ထိုစဥ် လေနီကြမ်းတွေ တိုက်ခတ်လာပြန်သည်။ အေးစက်သော လေတွေဟာ လူတိုင်း၏ အသွေးအသားစိတ်ဝိညာဥ်ထဲထိ စိမ့်ဝင်ကာ ချမ်းခိုက်သွားစေတော့သည်။
ကူကယ်ရာမဲ့အခြေအနေ၌ လက်တစ်ဖက်မှာ မီးတုတ်ကိုကိုင်ထားတဲ့ နတ်ဆရာကြီးကို မြင်တွေ့လိုက်ရတာကြောင့်..
''နတ်ဆရာကြီး..ကျွန်တော်တို့ကိုကယ်ပါအုံး"
အမှောင်ထဲမှလူထုရဲ့ငိုကြွေးသံတွေဟာ ကျယ်လောင်စူးရှလျက်။နတ်ဆရာကြီးမှာ အိုမင်းမစွမ်းမူ့ကြောင့် တောင်ဝှေးကိုမှီထောက်ထားသော်လည်း တည်ငြိမ်ရင့်ကျတ်တဲ့မာန်က မျက်နှာမှာအထင်းသား။ကောင်းကင်ကိုမော့ကြည့်လိုက်ပြီးနောက်
"မှောင်မိုက်ခြင်းရဲ့အရှင်သခင်..လိမ်ညာကောက်ကျစ်ခြင်းရဲ့ပိုင်ရှင်..အသွေးအသား
ကိုစားသုံးသော..ပျက်စီးခြင်းကိုသာအလိုရှိသော နတ်ဆိုးဟာ နိုးထချိန်၌ မွန်းတည့်ချိန်၌ နေဝင်မည်..မဲနက်သောဝတ်ရုံကိုခြုံထားတဲ့ နတ်ဆိုးတမန်တော်၏အသံကိုနေရာတိုင်းကြားရလိမ့်မည်..လေအေးတွေဟာ အသွေးအသားစိတ်ဝိညာဥ်တွေထိ အေးစက်စေလိမ့်မည်...နတ်ဆိုးဟာ အနောက်အရပ်ဆီကအရှင် လောဘဒေါသပြည့်နှက်နေတဲ့ ဝိညာဥ်ကို ပူးကပ်သွားချိန် တော်လဲသံနဲ့အတူ မြေသားထုကြီးဟာ လှုပ်ခတ်သွားလိမ့်မည်... ဘိုးဘေးတွေရဲ့ဟောကိန်းဟာ အမှန်တကယ်ဖြစ်လာခဲ့ပြီပဲ"
YOU ARE READING
The Warrior's Omega
Fanfictionရဲစွမ်းသတ္တိဟာ ငါ၏လက်နက် အောင်နိုင်ခြင်းဟာ ငါ၏မွှေ့လျော်ရာ ကတိသစ္စာဟာ ငါ၏ကျင့်ဝတ် ချစ်ခြင်းမေတ္တာက ငါ၏စစ်မှန်ခြင်းမည်တယ်... The Great Warrior Jeon Jeon Jung kook×Kim Taehyung *Crd cover photo *