Part 3

270 14 3
                                    

❣️အချစ်ကွန်ချာ❣️{Part--3}
*******❣️*******

နံနက်ခင်း၏ နေရောင်ခြည်က ဆောင်းမခစံအိမ်ကို ဦးခိုက်နေချိန်

နံနက်စာဝိုင်းလေးကတော့ တိတ်ဆိတ်နေလျက်ပါပဲ

ဒါဟာ မရိုးနိုင်တဲ့ ဆောင်းမခစံအိမ်၏ နံနက်ခင်းတွေသာဖြစ်၏။

အမြဲ အိပ်ယာထနောက်ကျတတ်သည့် ဒုတိယသခင်လေး လွန်းခေတ်သစ်ကတော့ နံနက်စာဝိုင်းကို ပျက်ကွက်တာက များပြီး

မာန် ဆိုတဲ့ သခင်သွေး၏ အမုန်းတော်ခံလူသားလေးကတော့ အဝေးကသာ ခိုးငေးခွင့်ရှိသူ။

ခုလည်း

စမတ်ကျကျ ကော်ဖီထိုင်သောက်နေသည့် Daddy ကို မာန် ခိုးငေးနေမိတာဖြစ်သည်။

ဒီနေ့ ကျောင်းတွေ ပြန်စတက်ရမယ့်နေ့

Daddy ကို မာန်လေးကျောင်းသွားပြီနော်ဟု ပြောခွင့်ရချင်ပေမယ့် မပြောရဲခဲ့။

ပထမနှစ်စတက်တုန်းက ထိုသို့ ပြောမိလို့ ပြဿနာအကြီးအကျယ် တက်ခဲ့ပြီးပြီ မဟုတ်လား။

* မင်းလိုချင်တာ ငါ့ဆီက ကျောင်းစရိတ်ဆိုပြီးပေးမယ့်
ငွေကိုမဟုတ်လား * ဆိုပြီး

ရင့်ရင့်သီးသီး အပြောခံခဲ့ရသလို ပိုက်ဆံနဲ့လည်း ပစ်ပေါက်ခံခဲ့ရ၍

ထိုအချိန်မှစလို့ Daddy ဆီက ဘယ်လိုထောက်ပံ့မှုမှ မာန် မယူဖို့ ဆုံးဖြတ်ခဲ့သလို

Daddy ကလည်း မပေးခဲ့ပါ။

" မာန်လေး "

ကျောနောက်မှ ဦးဦး ခေါ်သံကြောင့် အလန့်တကြားနိုင်စွာ ဆတ်ခနဲ လှည့်ကြည့်ရင်း မလုံမလဲထူးလိုက်မိသည်လေ။

" ဗျာ...ဦးဦး "

တစ်ပတ်လောက် ဖျားသွားတော့ နဂိုရ် ပါးလျလျ ခန္ဓာကိုယ်လေးက ပိုသေးသွယ်သွားတာ ကြည့်ရတာ ရင်ထဲမကောင်း။

ဟင်းးးးး သက်ပြင်းပဲ နာနာချမိတယ်

" ဒီနေ့ ကျောင်းပြန် စတက်ရမယ့်နေ့ မဟုတ်လား !
  ဦးဦး လိုက်ပို့ပေးမယ် နော် သား "

ဘယ်တုန်းကမှ ခေတ်တို့အကူအညီ မယူခဲ့တာမို့ ပြောသာပြောရတာ ဒီကလေးက လက်ခံမှာလည်း မဟုတ်။

အချစ်ကွန်ချာWhere stories live. Discover now