Part 15

368 11 3
                                    

❣️အချစ်ကွန်ချာ❣️{Part--15}
*********❣️******

" အပြန်လာကြိုမှာမို့...စောင့်နေနော် လူလေး "

" ဟုတ်ကဲ့ပါ...ဦးလေးကောင်း "

" မာန်...ငါ့အချစ်ဆုံးလေး မာန် ကျောင်းလာပြီ "

အသံနှင့်အတူ ပခုံးကို သိုင်းဖက်လာတဲ့ ငပိုင့်ကို
မာန် မချိသွားလေးဖြဲပြရင်း ရင်ထဲ စိုးတထိတ်ထိတ် စိတ်ကတော့ နေရာယူလျက်

စီနီယာတွေရဲ့ အနိုင်ကျင့်မှုကို မာန် တကယ်ပဲ ကြောက်နေမိတာပါ။

မာန့်ကို ဒီလို အနိုင်ကျင့်ပါတယ်ဟု Daddy ကို အားကိုးတကြီး တိုင်ပြောရမလား။

ဟင့်အင်း မဖြစ်နိုင်ပါဘူး

ဘာလို့ဆို Daddy ဆီကနေ နောက်ထပ် မည်သည့်အခွင့်အရေးမျိုးမှ မလိုချင်လို့။

ကျောင်းထားပေးတာတစ်ခုနဲ့တင် လုံလောက်နေပါပြီလေ။

နောက်တစ်ခုက လူကြီးတွေ ဆရာ ဆရာမတွေကို
ပြန်ပြောရင် ငပိုင့်ကို တစ်ခုခုလုပ်ပစ်မယ်ဟု ခြိမ်းခြောက်ထား၍ မာန် ဘာမှမလုပ်ရဲပါ။

ငပိုင်က ပြည့်စုံသည်ဆိုရုံလောက်ပဲ ပြည့်စုံတဲ့ မိသားစုက ဖြစ်သလို အရင်းအချာဆိုလို့ ငပိုင့်အဖေရယ် လေးလေးရယ် ငပိုင်ရယ် သုံးယောက်သာ ရှိတာလေ။

မတော် ငပိုင့်ကို တစ်ခုခုလုပ်လိုက်မှဖြင့်

" မာန်...မင်း ဘာဖြစ်နေတာလဲ ကွာ "

" အ "

ပခုံးကို လက်သီးဖြင့် ထိုးပြီး ငပိုင်ပြောတော့မှ လက်ရှိ အနေအထားကို သတိဝင်ကာ

" ဘာပြောလိုက်တာလဲ ငပိုင် "

" မနက်စာ စားခဲ့ပြီလား မေးတာကွ !
  စားခဲ့လည်း ငါနဲ့ ကင်န်တင်း လိုက်ခဲ့ပေးကွာ !
  ငါ အိပ်ယာထနောက်ကျလို့ ဘာမှမစားခဲ့ရဘူး "

" ဪ အင်း လိုက်ခဲ့မယ်လေ "

ကင်န်တင်းထဲရောက်တော့ ငပိုင်က ထမင်းကြော်ကို ကြက်အစပ်ဖြင့် မှာပြီး မာန့်ကိုပါ တစ်ခုခုစားဖိုပြောနေတာမို့

" ပေါင်မုန့်ကြက်ဥကြော်ပဲ ရပြီ "

မစားရင် တဂျီဂျီလုပ်နေမှာသိလို့ တွေ့ကရာမှာလိုက်တာ

အချစ်ကွန်ချာWhere stories live. Discover now