Part 52

165 7 4
                                    

❣️အချစ်ကွန်ချာ❣️{Part--52}
*******❣️********

သော်ကငြိမ်စံအိမ်သည် အခါတိုင်းထက် တိတ်ဆိတ်လို့ နေသည်။

အင်မတန် ဆော့တတ်တဲ့ နှိုင်းလေးကော အငြိမ်မနေတတ်သည့် ခွေးနှစ်ကောင်ပါ အသံထွက်မဆော့ဘဲ အသံတိတ်သာ‌ေဆာ့လို့ ငြိမ်သက်နေပုံက
လူကြီးတွေ၏ သောကကို အလိုက်သိနေသည့်နှယ်ပါ။

" ရိုင်း "

" ဟင် "

ခြံထဲ ဖုန်းဆင်းပြောပြီး ပြန်တက်လာသည့် ရိပ်က ရိုင်းအား တိုးဖွဖွ ခေါ်ကာ အနားမှာ ကပ်ထိုင်ရင်း

" မနော်ဟရီနားမှာ မသင်္ကာစရာကားအနက် နှစ်စီး
  ရပ်ထားတယ်တဲ့ ၊
  ငါ့လူတွေ ခုပဲ ဖုန်းဆက်လှမ်းပြောတာ "

" King ...လူတွေ ဖြစ်နေဦးမယ် "

" မဟုတ်ဘူးတဲ့...King ဆီ ဖုန်းဆက်မေးပြီးပြီ ၊
  သူ့လူတွေက ပေါ်တင် မစောင့်နေကြဘူးတဲ့ ၊
  အရိပ်အယောင်လည်း မပြခိုင်းထားဘူးတဲ့ "

" အာ...သော်ကငြိမ်နားမှာလည်း ရှိနေလောက်မယ်
  ငါ ထွက်ကြည့်.. "

" မထွက်ကြည့်နဲ့...သွေးက ငါ့ညီနဲ့ ချစ်ကြိုက်နေတာမို့ ငါ့ စံအိမ်မှာ လှုပ်ရှားမှုရှိမရှိ သူတို့ဘက်က
  ကြည့်နေတာဖြစ်လိမ့်မယ် ၊
  ‌သွေးက သူ့အမိန့်ကို အသက်နဲ့လဲပြီး လွန်ဆန်မယ်
  ဆိုရင် သွေးကို ပြေးပေါက်ပိတ်အောင် လုပ်မှာ
  ဘယ်လိုလုပ်ကြမလဲ "

ရိုင်း ထံမှ အဖြေက ထွက်မလာ။

" ညီငယ်လေးကို တည်ကြက်လုပ်လာမှာ စိုးတယ်
  ခေတ်ကိုလည်း အလွတ်ပေးမှာမဟုတ်ဘူး ၊
  ဆိုးတာက ကလေးက စာမေးပွဲရက် ကပ်နေပြီ
  ဘယ်လိုလုပ်ကြမလဲ "

" စာမေးပွဲရက်ကို bodyguard အပြည့်နဲ့ သွားဖြေ
  ခိုင်းရမှာပဲ ၊
  ဆိုးတာက ငါတို့က အလင်းဘက်ခြမ်းမှာနေပြီး
  သူတို့ အမှောင်ထဲမှာ ဘာလှုပ်ရှားလဲ မသိရတာပဲ
  ဟူးးးး ဒီနတ်ဆိုးကြီးကို ဘာလုပ်ရမလဲ "

" သွေးရဲ့လုပ်ငန်းတွေ အကုန် သူမရလိုက်တော့
  ပိုပြီး ကြိတ်မနိုင် ခဲမရဖြစ်နေတော့မှာ ၊
  ဘာလို့ သွေးကို အသေအလဲ လိုချင်နေမှန်း
  တွေးမရဘူးကွာ "

အချစ်ကွန်ချာWhere stories live. Discover now