Part--45

186 9 1
                                    

❣️အချစ်ကွန်ချာ❣️{Part--45}
*******❣️********

" အင့် "

ရိပ် ရင်ခွင်ထဲ တိုးဝင်အိပ်ပျော်နေသည့် ငယ်လေး ၏ ငြီးသံသေးသေးလေးက နှုတ်ခမ်းအိအိလေးကို နမ်းရှိုက်မိစေသည်အထိ အသဲယားဖို့ကောင်းနေတဲ့အခါ...

ဒီ ချစ်ဖို့ကောင်းနေသည့် လူသားလေးအား ပိုင်ဆိုင်ပြီးရင်း ပိုင်ဆိုင်ချင်နေမိသည်က မြတ်နိုးမဝလို့ပါ။
အချစ်ဦးမို့ အရူးအမူးပြောရအောင်လည်း ငယ်လေးက အချစ်ဦးမဟုတ်ပြန်။

ရိပ် မှာ အချစ်ဦးရှိခဲ့ဖူးပြီး တိတ်တဆိတ်ပဲ နှလုံးသားကန့်လန့်ကာချလို့ နောက်‌ဆုတ်ခဲ့ရဖူးသည်။
ထို့နောက် နှစ်များစွာအကြာမှာ ခေတ်ကို ချစ်ခဲ့မိပြန်တယ်။
ဒါကလည်း မာယာအချစ်ကို တကယ်ထင်ကာ ချစ်ခဲ့မိတာဖြစ်သည်။
ဘာတစ်ခုမှ လွန်ကျူးခဲ့တာမရှိ မဟုတ်ဘူး နှုတ်ခမ်းကိုတောင် မနမ်းဖူးခဲ့
နဖူးနှင့်ပါးတောင် ရိပ် စိတ်ဆိုးပြလို့ နမ်းခွင့်ရခဲ့တာဖြစ်၏။

မရိုးမသား ပိုင်ဆိုင်စိတ်လဲ မရှိ
သွေးသားတောင်းဆိုမှုလည်း မရှိခဲ့ချေ။

ခုမှ ဒီလူသားလေးကိုမှ ရိပ်မှာ အရူးအမူးကိုချစ်ရသည် မြတ်နိုးရသည်
ဒီလူသားနှင့်ဆို အသွေးအသားတွေက ပူလောင်ပြင်းပြလွန်းသည်
ထို့ကြောင့်ပဲ ပိုလို ပိုလို့ ချစ်မဝနိုင်ဖြစ်ရသည်။

ရိပ် အစကောင်းလို့ နည်းနည်းမှ အခွာမခံတဲ့ ငယ်လေးက မိခင်ပျောက်မှာစိုးသည့် ကလေးငယ်ငယ်ပိစိလေးနှင့် တူနေခဲ့ပြီး
ချစ်ရ အသဲယားရပေမယ့် စိတ်မကောင်းလဲဖြစ်ရသည်။
မိမိကြောင့် မဟုတ်လေလား...
ငယ်လေး ရိပ်အား အခုလို အပျောက်မခံနိုင်အောင်
စိတ္တဇလိုဖြစ်အောင် ရိပ် ကသာဖြစ်စေခဲ့သူပေပဲ

ဒါ့ကြောင့် ငယ်လေးအား ရိပ် ပိုတာထက် ပိုချစ်ပေးသွားမှာပါလေ။

* ပြွတ်...သိပ်ချစ်တယ် ကိုယ့်ရဲ့ငယ်လေး*

💕💕💕

သော်ကငြိမ်စံအိမ် 9:50 PM

ညက မှောင်လာလေ အအေးဓာတ်က ကဲလာလေဖြစ်ပြီး ညပိုးမွှားတို့အော်သံက တစီစီကျယ်လောင်လာလေ ဖြစ်‌တော့၏။

အချစ်ကွန်ချာWhere stories live. Discover now