Chapter 23

27.9K 947 13
                                    

Hate Revenge - 23

တစ်နေကုန်ဘာမှမလုပ်ရဘဲ နေနေရတာကို ချမ်း အသားမကျသေးပါ။ထိုင်နေရတာဟာ သူအလုပ်လုပ်ရတာထက်ပိုပင်ပန်းတယ်လို့ခံစားလာရတယ်။တစ်ရက်ပြီးတစ်ရက်သာကုန်ဆုံးသွားတယ် ဇေး ကသူ့အရှေ့ကိုရောက်မလာခဲ့တော့။တစ်ပတ်ကျော်ကြာသည်အထိ ထိုအိမ်ကြီးထဲမှာ ချမ်း အထီးကျန်နေခဲ့ရသည်။ တစ်ယောက်တည်းရှိနေတော့ အတွေးများစွာလည်းခေါင်းထဲပြည့်ကြပ်လာတယ်။သူငယ်စဥ်ဘဝက အပယ်ခံဖြစ်ခဲ့ရတဲ့ ကျောင်းသားဘဝအချိန်တွေ။ မေမေနဲ့အတူပင်ပန်းခဲ့ရတဲ့အချိန်တွေ ထပ်ပြီးမေမေ့ကျန်းမာရေးကြောင့်သူပူပန်ခဲ့ရတဲ့အချိန် မေမေနဲ့နေခဲ့တာ ပျော်ရွင်ပြီး လုံခြုံခဲ့ရတယ်။နောက်ပြီး ဇေး နဲ့ပျော်စရာကောင်းတဲ့အတိတ်တွေကလည်းရှိနေပြန်သေးတယ်။

ကုန်ဆုံးသွားတဲ့အချိန်တွေကိုပြန်ရောက်သွားချင်တယ်။သူ ဇေး ဆီကကျောခိုင်းလှည့်ထွက်ခဲ့တဲ့အချိန်ကိုပြန်လိုချင်တယ်။ဇေး ကျောင်းထဲကပြန်ထွက်လာတဲ့အချိန်စောင့်နေခဲ့ပြီး သေသေချာချာ ချီးကျူးခဲ့ပြီး နှုတ်ဆက်နိုင်ခဲ့ရင် ဒီကောင်လေးသူ့ကိုဒီလောက်ထိ စိတ်ဆိုးနေခဲ့မယ်မထင်ဘူး။နှစ်ရှည်လများ တည်ရှိခဲ့တဲ့ဒေါသအစိုင်အခဲလေးဟာ ယခုအချိန်မှာ အတော်လေးကြီးထွားလျှက်ရှိ၏။

ဒေါက် ဒေါက် ဒေါက်...

ချမ်း တံခါးခေါက်သံကြားတော့ချက်ချင်းထဖွင့်လိုက်သည်။ထိုလူဟာ ဇေး ဖြစ်နေမလားလို့ သူတွေ့မိခဲ့သေးသည်။သေချာပေါက် ဇေး ဖြစ်နေတော့စိတ်ထဲမှာ အထီးကျန်တဲ့ အငွေ့အသက်တွေဆီကရုန်းထွက်နိုင်လိုက်သလိုခံစားမိလိုက်သည်။

ဇေး ကအခန်းထဲဝင်လာပြီး ချမ်း ကိုတင်းကြပ်နေအောင်ပွေ့ဖက်လိုက်သည်။ချမ်း ရဲ့ နဖူးကို နမ်းရှုံ့ပြီး ပါးနှစ်ဖက်ကိုပွတ်သပ်လာသည်။ချမ်း လည်းဘာဖြစ်နေမှန်းမသိတာမို့ငြိမ်ငြိမ်လေးရပ်နေပေးလိုက်သည်။အသက်ရှူသံတွေကပြင်းထန်နေကြောင်းလည်းသတိထားမိပွေ့ဖက်ထားတဲ့အားက တော်တော်လေးပြင်းလွန်းလှသည်။

"ဇေး ဘာဖြစ်လို့လဲဟင်"

"ခင်ဗျား ကျုပ်ကိုချစ်လား"

Hate Revenge(25+) (Complete)حيث تعيش القصص. اكتشف الآن