Chapter 54

23.3K 853 19
                                    

Hate Revenge - 54

ချမ်း တစ်ကိုယ်လုံးနာကျင်နေ၏။တစ်ကိုယ်လုံးကိုင်ရိုက်ထားသလို ကိုက်ခဲကာ လက်လေးတစ်ချောင်းလှုပ်ခတ်ဖို့အတွက်တောင် ခက်ခဲလွန်းလှပါသည်။ချမ်း မျက်လုံးတွေ ပွင့်ဟလာတဲ့အခါ ဘေးနားမှာထိုင်နေသည့်အမျိုးသားက ချမ်း ကို စိတ်မကောင်းသည့် မျက်နှာ အမူအရာဖြင့်ကြည့်လို့နေသည်။ချမ်း စိတ်ထဲ၌ ကလေး အတွက်စိတ်ပူမိသွားသည်။သူကားပေါ်ကနေလွင့်ကျသွားတာမလို့ ကလေးကို ထိခိုက်သွားမလားဆိုတဲ့စိုးရိမ်စိတ်ကြောင့် ပူထူသွားကာ ချက်ချင်း ထထိုင်လိုက်ရင်း

"ကျွန့်တော့် ကလေး ကလေးရော ကလေး အဆင်ပြေရဲ့လား ဟင်"

"ကောင်လေး ကိုယ်စိတ်မကောင်းပါဘူး.....ကောင်းလေးရဲ့ ကိုယ်ဝန်ကပျက်ကျသွားပြီ"

"ဟင် မဟုတ်တာ မဟုတ်တာ အစ်ကို စနေတာမလား ကျွန်တော့်မှာ ဒီကလေးလေးပဲ ရှိတာ.....ဟင့် ကျွန်တော့်မှာ သူပဲရှိတဲ့ဟာကို ဘာလို့"

"စိတ်ကိုထိန်းပါ မင်းနေကောင်းကောင်း ကောင်းသေးတာမဟုတ်ဘူး လေ "

"ဟင့် အင့်....အား...ကလေးလေးက ကလေးလေးကအခုမှ လသားလေးပဲ ရှိသေးတာကို အခုလို .... အင့်ဟင့်...."

ဝေယံ ထိုကောင်လေးကို ပွေ့ဖက်လိုက်သည်။လက်တွေတဆက်ဆက်တုန်ကာငိုကြွေးနေတာကြောင့် နှစ်သိမ့်ပေးတာဖြစ်သည်။

"စိတ်ကိုလျော့ပါကွာ ကိုယ်လည်းမင်းအတွက်စိတ်မကောင်းပါဘူး မင်းရဲ့မိသားစုကို ကိုယ်ဆက်သွယ်ပေးပါ့မယ် ကိုယ့်ကို သူတို့ကိုဆက်သွယ်လို့ရမဲ့ တစ်ခုခုလောက်ပေးလို့ရမလား"

"ဟင့်အင်း ကျွန်တော့်မှာ မိသားစုမရှိဘူ ကျွန်တော်တစ်ယောက်တည်းပဲ အင့် ဟင့် ကလေးလေးတစ်ယောက်တည်း ကျွန်တော့်မှာရှိတာ ကို ကျွန်တော်သေချင်တယ် သေချင်တယ်...."

ဝေယံ သနားဂရုနာဖြင့် သက်ပြင်မောချလိုက်၏။မိသားစုဆိုလို့ဗိုက်ထဲက ကလေးလေးပဲရှိခဲ့တဲ့ဟာကို အခုတော့ ထ်ုကလေးလေးက ထွက်ခွာသွားပြန်သည်။သူ့ပုံလေးကြည့်ရတာ ဘယ်မှသွားစရာနေစရာရှိပုံလည်းမပေါ်ပေ။ ဝေယံလည်းဆေးရုံက ဆင်းတော့ ထိုကောင်လေးကို အိမ်သို့ခေါ်လာခဲ့လိုက်သည်။

Hate Revenge(25+) (Complete)Where stories live. Discover now