Chapter 46

25.9K 1K 67
                                    

Hate Revenge - 46

ဇေး အစည်းအဝေးပြီးနောက် ဒယ်ဒီ့ဆီက ဖုန်းကောလ်တွေအဆက်မပြတ်ဝင်လာခဲ့သည်။ဇေး လည်းဖုန်းကိုင်လိုက်တော့ ဒယ်ဒီက ဒေါသတကြီးဖြင့်ပြောလာ၏။

"ဇေး မင်းဘာတွေလုပ်နေတာလဲ"

"ဒယ်ဒီ ...."

"မင်း မာမီနဲ့ မင်းအမကိုသတ်ခဲ့တဲ့ကောင်ကို မင်းကလက်ထပ်ထားတာဆိုကွ မင်းရူးသွားပြီလား ငါ့ကို တစ်နှစ်လုံးလုံးဖုံးကွယ်ထားတာ မင်းရူးသွားပြီလား ဇေး"

"ဒယ်ဒီ ဘယ်လို ...."

"ငါဘယ်လိုသိတယ်ဆိုတာက အရေးကြီးသလား ဇေး မင်းငါ့ကိုမင်းအဖေဆိုပြီး သတ်ရောသတ်မှတ်ထားသေးသလား"

"ဒယ်ဒီကျွန်တော်ရှင်းပြပါ့မယ် "

"ငါ့ကိုဘာမှရှင်းပြဖို့မလိုဘူး မင်းအမေနဲ့မင်းအမကိုသတ်ထားတဲ့ကောင် လူတောင်မဖြစ်သေးတဲ့ကလေးကိုသတ်ထားတဲ့ကောင်ကို မင်းကလက်ထပ်ထားတယ်တဲ့ မင်းအမေမင်းအမ ဝိဥာဥ်တွေအေးချမ်းမှာတောင်မဟုတ်ဘူး ဟိတ်ကောင် အဲ့လိုကောင်မျိုးသေသင့်ကောင်မျိုးကို မင်းကတယုတယတမြတ်တနိုးထားပြီး လက်ထပ်ထားသေးသတဲ့လား
ငါ့လခွီးကွာ ဇေး မင်းငါ့ကိုအားမနာရင်တောင် သေသွားတဲ့လူတွေအပေါ် မင်းအားမနာတတ်ဘူးလား"

"ကျွန်တော်လက်ထပ်ထားတယ်ဆိုတာ သူ့ကိုစိတ်ဒုက္ခပေးချင်လို့ သူ့ကို အပြစ်ပေးချင်လို့ပဲ ဒယ်ဒီ ကျွန်တော်သူ့ကို သည်းသည်းလှုပ်ဖြစ်နေတာမဟုတ်ဘူး မမ တို့အပေါ် သစ္စာဖောက်နေတာ မဟုတ်ဘူး ဒယ်ဒီ"

"မင်းသည်းသည်းလှုပ်မဖြစ်ဘူးဆို မင်း သေသွားတဲ့သူတွေအပေါ်အားနာစိတ်နည်းနည်းရှိရင် ငါ့ကို အဖေလို့သတ်မှတ်သေးရင် မင်းဇယားတွေကို မင်းရှင်း မင်းဇယားတွေကို မင်းရှင်းထား ဇေး အဟွတ် အဟွတ် ငါကွာ "

ဒယ်ဒီက ဒေါသတကြီးဖြင့်ဖုန်းချသွားသည်။ဇေး လည်း ဖုန်းကိုစိုက်ကြည့်နေရင်း မဒီနှင့် မာမီအကြောင်းကခေါင်းထဲရောက်လာသည်။သူ့ကိုယ်သူလိပ်ပြာမလုံစွာ ဇေး ငိုမိလိုက်သည်။မဒီနှင့် မာမီအကြောင်းပြန်အစဖော်မိလျှင် သူချမ်း ကိုသိပ်ပြီးမုန်းတီးသလို ချမ်း ကိုသတ်ပစ်ချင်လောက်အောင်ဒေါသထွက်၏။သူ့ကိုယ်ကျိုးအတွက် ပိုက်ဆံတစ်မျက်နှာထဲကြည့်တဲ့ဒီလူ လူစိတ်မရှိတဲ့ ဒီလူ့ကို သူသေအောင်မုန်းတီးရွံရှာမိပြန်သည်။အိမ်သို့ပြန်ရောက်တဲ့အခါ ဇေး အတော်လေးပင်ပန်းနေခဲ့သည်။အိမ်ထဲဝင်လာတော့ ချမ်း က အိမ်ရှေ့မှာသူ့ကိုစောင့်နေ၏။

Hate Revenge(25+) (Complete)Where stories live. Discover now