02

205 30 0
                                    

UNI...

တစ်ရက်ထက် တစ်ရက်တိုးလာသောခင်မင်မှုမှာ အနှီးလူသားလေးနှင့်သူဟာ ရင်းနှီးသည့်ထက် ရင်းနှီးလာသည်။တစ်ခါတစ်ရံ ကားကြုံခေါ်ကာ အိမ်အရောက်ပို့ပေးဖြစ်သည်။သေချာပေါက် အနှီးကောင်လေးက ကိုယ်ရံတော်ပတ်ခ်ကိုလည်း မသိခဲ့ပါ။ Markကိုလည်း သူလို လူသားတစ်ဦးဟုထင်မှတ်နေပုံရသည်။ ထိုကြောင့် သူဟာ Vampire တွေဆီမှာ အလုပ်လုပ်သော ပစ္စည်းပို့သမားလေးမှန်း Mark မသိအောင် အမြဲလှည့်ပတ် လိမ်တတ်သည်။ဒါပေမယ့် Markကတော့ အနှီးလူသားလေးနောက် တကောက်ကောက် လိုက်ကာ စောင့်ရှောက်ပေးဖြစ်သည်။အကယ်၍များ သွေးဆာလောင်နေသော Vampire တွေဆီရောက်သွားခဲ့လျှင် အန္တရာယ်များလွန်းတာကြောင့်ဖြစ်သည်။

« Mark...ဒီနေ့လည်း Peter အနောက်လိုက်ဦးမှာလား »

«မင်းကရော ဟိုတရုတ်လေးကို အိမ်ပြန်လိုက်ပို့မှာ မဟုတ်လား »

«အင်း»

«ဒါဆို  ည(၈)နာရီ ကျောင်းရှေ့မှာ ဆုံကြမယ်။ဦးလေးပတ်ခ်ကို ငါပဲ ကြည့်ကောင်းအောင် ပြောလိုက်မယ် »

«အိုခေ။ဒါဆို ငါသွားပြီ»

Andy ထွက်သွားမှ သူရဲ့လုပ်ငန်းကို စတင်ရတော့သည်။ HaeChannie ကျောင်းက ထွက်သွားသည့်မှာ (၁၅)မိနစ်ရှိပြီမို့ အခုဆို စတိုးဆိုင်ရှေ့ရောက်နေလောက်ပြီ။

သူ့ခြေလှမ်းတွေကို ခပ်သွက်သွက်လျှောက်လှမ်းရင်း မျက်လုံးတွေကလည်း HaeChannie  ကို ရှာနေရသည်။‌တွေ့ပါပြီ။စတိုးဆိုင်‌ရှေ့မှာ ဆိုင်ကယ်စက်နိုးပြီး ထွက်သွားရန်ပြင်နေသော သူရဲ့အသည်းယားစရာ နှင်းလုံးလေး။

« HaeChannie »

အော်‌ခေါ်လိုက်လေတော့ အနှီးလူသားလေးက လှည့်ကြည့်လာတာမို့ အနားကို အပြေးသွားလိုက်သည်။

«ဘယ်သွားမို့လဲ »

«မင်း !? မင်း~ မပြန်သေးဘူးလား »

မေးသည်ကို မမေးဘဲ ထိန့်လန့်တကြားမေးလာသောအနှီးလူသားလေးဟာ နားထင်စင်းမှာလည်း ချွေးတွေတွဲခိုလျက်ဖြစ်သည်။

Markကို လူသားအထင်နှင့် ထိန်လန့်သွားသောကောင်လေးကို မြင်တော့ စိတ်မကောင်းဖြစ်ရသည်။

THE KING LEE Where stories live. Discover now