05

183 24 0
                                    

UNI...

အချစ်ရေး အဆင်ပြေသွားမှန်းသိသားသော Andy ဟာ ပြုံးပျော်နေသောမျက်နှာလေးနှင့် ကျောင်းရောက်လာခဲ့သည်။ HaeChan ကြည့်ပြီး အားကျရသည်။သူတို့နှစ်‌ယောက် အချစ်ရေးကရော ဘယ်တော့မှ ပွင့်လင်းမှာလဲ။ချစ်နေမှန်း သိသားတဲ့အပြုအမှုတွေကြောင့် ရဲတင်းစွာ အနားကပ်မိတော့ Mark က သူနှင့်ခပ်စိမ်းစိမ်းနေပြန်သည်။ဘာမှန်းမသိ Mark ဆီမှာပူပန်စရာကိစ္စ ရှိနေမှန်း ရိပ်စားမိသည်။သူဘက်က တစ်ခုခုကူညီပေးချင်တာကြောင့် နေ့နေ့၊ညည Mark မနားတမ်းဖတ်နေသော Vampire နှင့်လူသားစစ်ပွဲအကြောင်း စာအုပ်ကို ဖတ်ပြီးမှ သိသွားခဲ့သည်။ထိုစစ်ပွဲက လူသားတွေဘက်မှ စခဲ့သောရန်ပွဲဖြစ်ပြီး လူကြီးတွေပြောသလို Vampire ရဲ့လောဘကြောင့် ဖြစ်တည်လာခဲ့တာ မဟုတ်ပေ။

ထို့ကြောင့် နောက်နေ့မနက်မှာ HaeChan ကျောင်းကို စောစောလာခဲ့သည်။ ကျောင်းဝန်းထဲ ဝင်လာသော အနက်ရောင်ကားလေးမြင်မှ သစ်ပင်အကွယ်မှာထွက်လာခဲ့သည်။

« Mark »

လှမ်းခေါ်လိုက်တော့ Andy က အလိုက်တသိရှောင်ပေးသည်။သူ Mark ရှေ့တည့်တည့်မှာ ရပ်ပြီး မျက်လုံးချင်းဆုံလိုက်သည်။

« ငါ သိသွားပြီ »

«ဟမ်»

« မင်း လူသားတွေ နဲ့ Vampire တွေကို အရင်လို ပျော်ပျော်ရွင်ရွင်နေချင်တာကို »

Mark မျက်လုံးတွေ ဝိုင်းစက်သွားရသည်။ HaeChannie က သူ့အရိပ်အကဲကို ကြည့်ရုံနှင့် သိနေခဲ့သည်လေ။

« ငါ့နည်းလမ်း ရှာတွေ့ထားတယ် »

«နေဦး။နေပါဦး။မင်း အဲ့စာအုပ်ကို
ဘယ်ကရလာတာလဲ»

ထိုစာအုပ်ကို အလွယ်တကူရှာမရမှန်း Mark သိသည်။ဘာလို့လဲဆို ထိုစာအုပ်ကို ရေးသားခဲ့သူက သူ၏ဖခင်ကိုယ်တိုင်ဖြစ်၍ဖြစ်သည်။ထိုစာအုပ် ထုတ်ဝေပြီး မကြာ။လူသားတွေဆီမှာ သစ္စာဖောက်မှုနှင့် သတ်ဖြတ်ခံခဲ့ရသည်။ Vampire တစ်ယောက်ကို လက်ထပ်ပေါင်းသင်းသည့်အပြစ်နှင့် လူသားတွေဆီမှာ အထင်သေးခံရသည့်ကြားမှ အမှန်တရားကို ချစ်မြတ်နိုးစွာ ချန်ခဲ့သောထိုစာအုပ်ဟာ  မီးလောင်တိုက်သွင်းခံလိုက်ရ၍ အခုလက်ရှိမှာ တစ်အုပ်မှမရှိတော့ပါ။

THE KING LEE Where stories live. Discover now