06

181 20 0
                                    

UNI...

« Mark ငါ မင်းကို.... »

«ဟင့်အင်း»

နှုတ်ခမ်းအိအိလေးအပေါ် သူ့လက်ညှိုးဖြတ်တင်လိုက်သည်။ HaeChannie ဆီက အဖြေလိုချင်ပေမယ့် မကြားရဲသေးဘူး။ မိသားစုကလွှဲပြီး ဘာမှမသိတဲ့ကောင်လေးမို့ သူကိုလည်း ချစ်နေမည်မထင်ပါ။ရင်ခုန်တိုင်း၊လွမ်းတိုင်း အချစ်မှ မဟုတ်ဘဲ။

«စမ်းသက်မှုခံယူပြီးမှ အဖြေလာတောင်းမယ်။မင်းအတွက် စဉ်းစားချိန် ပိုရတာပေါ့ »

တစ်နှစ်ဆိုသည့်အချိန်ကာလမှာ HaeChannie သူကို မေ့သွားဖြစ်နိုင်သလို အလွမ်းတွေနှင့်လည်းမေတ္တာသက်ဝင်လာနိုင်သည်။ထိုသို့မဟုတ်ဘဲ သူကို မေ့သွားခဲ့လျှင် ကံတရားကိုသာ အပြစ်ပို့လိုက်မည်။

«ဒါနဲ့ မင်းသွားရမဲ့နိူင်ငံက »

«နော်ဝေး »

«အရမ်းအေးနေတော့မှာပဲ »

«မင်းပေးတဲ့ ခေါင်းစွပ်လေး ထုတ်ဆောင်းမယ်လေ »

«ဘယ်လိုလုပ်ပြီး လုံလောက်မှာလဲ »

စိတ်ပူမှုတွေ ရောယှက်အသံလှိုင်းလေးအဆုံး ကြင်နာစွာ ထွေးပွေ့လိုက်မိသည်။

« မင်းက အသည်းဖို့ကောင်းတယ် »

ဘာမှမပြောဘဲ ရင်ခွင်ထဲမှာ ငြိမ်နေသည်။
တစ်ဆိတ် သူ (HaeChan) ငိုနေသလားလို့။

« HaeChannie ~»

ရင်ခွင်ထဲက ခွဲထုတ်ရန်ပြင်လိုက်တော့ ခါးကို အတင်းဖက်လာသည်။

«ဒီအတိုင်း နေပေး Mark »

ပခုံးတွေကို သိုင်းဖက်ပြီး ပုတ်ပေးလိုက်သည်။

«ငါလည်း မင်းကို ထားမသွားချင်ပါဘူး။အခြေအနေအရမို့ပါ »

«အင်း ငါ နားလည်တယ်»

အသံလေးက တည်ငြိမ်အောင် မနည်း အားယူထားသည့်ပုံပင်။ဘယ်လိုလုပ်ပြီး သန်မာတဲ့ကောင်လေးက အငိုသန်လေးဖြစ်သွားရတာလဲ။

« ဘယ်လိုပဲ ခက်ခဲပါစေ။မင်းမျိုးနွယ်အတွက် အကောင်းဆုံးရင်ဆိုင်ခဲ့ Mark ~မင်းက အနာဂတ်ခေါင်းဆောင် မဟုတ်လား »

«အင်း ။ အကောင်းဆုံး ဖြတ်ကျော်ပြီး မင်းဆီပြန်လာခဲ့မယ်။ငါကို စောင့်နေမယ် မဟုတ်လား »

THE KING LEE Where stories live. Discover now