04

166 23 0
                                    

UNI....

«မင်းကို အခုလိုဖြစ်အောင် Chenle လုပ်တာ မဟုတ်လား»

«ဟင့်အင်း။သူနဲ့ မဆိုင်ဘူး»

«အမှန်တိုင်းဖြေ Andy..ဒါမှ မင်းကို သူ့လက်ထဲက ငါ ကာကွယ်နိုင်မှာ »

မျက်စိရှေ့မှာ သွေးတစ်ထုပ်ပြီး တစ်ထုပ်ဖောက်သောက်နေသော Andy ဟာ ဖြူဖျော့နေသောမျက်နှာလေးနှင့် ။ Chenle ကိုလည်း သိပ်ချစ်ပုံရပြီး သူ ဘာမေမေး နှုတ်ဆိတ်‌လျက်ပင်။ကြည့်ရတာ Chenle ဆီက နှိပ်စက်ခံနေရတာကို ပျော်နေပုံရသည်။

« ထားပါ။မင်းကို ငါမနှောက်ယှက်တော့ဘူး။
နားလိုက်ဦး »

«အင်း»

သွေးသောက်မပြတ် ခေါင်းငြိမ့်ပြလာသည်။
အခုအချိန်မှာ Andyက သွေး‌ဆာလောင်မှုကို အပြင်းအထန်ခံနေတာမို့ သူ့စိတ်ကို သူ့ထိန်းချုပ်နိုင်မှမဟုတ်ဘူး။အကယ်၍များ Chenle လက်ထဲမှာ မိသွားလျှင် သက်ညှာပေးမှမဟုတ်ဘူး။ Chenle က Vampire တွေထက် ပိုရက်စက်တဲ့သွေးအေးလူသတ်သမားမဟုတ်လေလား။

«  Chenle နဲ့လည်း ဝေးဝေးနေဦး »

«အင်း»

Mark အခန်းထဲမှာ ထွက်‌သွားမှ Andy သွေးသောက်နေရတာရပ်ပြီး ပြတင်းပေါက်မှတစ်ဆင့် မြင်နေရတဲ့ကောင်းကင်ကြီးကို မေ့ာကြည့်လိုက်သည်။သူ သိသည်။ Chenle သူကို မုန်းတယ်ဆိုတာ။ဒါပေမယ့် ဘယ်လိုလုပ်ရမလဲ ။ Chenle ပေးသမျှ နာကျင်မှုတွေကို လိုလိုလားလားလိုချင်နေမိသည်။
မချစ်ဘူးဆိုတာ သိလျက်နှင့် မုန်းနေတာသိလျက်နှင့် အနားမှာ ကပ်တွယ်နေချင်သည်။

‌တောင်းပန်ပါတယ်..Mark ။

ငါ ဘယ်လိုမှ Chenle နဲ့ ‌ဝေးဝေးမနေနိုင်ဘူး။

ငါကို မုန်းနေရင်တောင် သူ့အနားမှာ နေချင်တယ်။

✨🌻 

Markတစ်ယောက်တည်း ကားပေါ်ကဆင်းလာတာမြင်တော့ Chenle ရင်ဘတ် စူးပြီး အောင့်တတ်လာသည်။သူ ပေးလိုက်တဲ့နာကျင်မှုက ဘယ်လောက်တောင် ပမာဏများလို့ ကျောင်းတောင် မလာနိုင်ရတာလဲ။ အိပ်ရာထဲမှာ ခွေခေါက်ပြီး လူးလွန်းနေမည့် Andy ပုံစံကိုမြင်ယောင်လာတော့ သူ့ကိုယ့်သူ ကျိန်ဆဲမိသည်။ Vampire တစ်ကောင်အတွက် သွေးညှီနံက အားနည်းချက်မဟုတ်လား။ အဲ့ဒီသွေးရနံ့ကို ရပြီးမှ မစုပ်ယူလိုက်ရလျှင် သေမတတ်ခံစားရ၏။

THE KING LEE Where stories live. Discover now