Part 1(1/3)

4.7K 208 3
                                    

အခန်း ၁ သူငယ်ချင်းတွေက သစ္စာဖောက်တာလား?(၁/၃)

ချန်ယန်က အခန်းကတ်ကို ထည့်ကာ တံခါးကို ဖွင့်လိုက်ပြီး ခါးကိုကိုင်းကာ အောက်ကိုငုံပြီး ခရီးဆောင်အိတ်ကို အတွင်းကို ထိုးထည့်လိုက်တယ်။ သေချာတာကတော့ သူ အခန်းထဲ ဝင်လာချိန်မှာ ပထမဆုံးလုပ်ခဲ့တာက သူ့ခရီးဆောင်အိတ်ကို နေရာချဖို့ မဟုတ်ဘဲ လက်နှစ်ဖက်ကိုဖွင့်ကာ ကုတင်ဆီသို့ ပြေးသွားပြီး ခုန်တက်လိုက်တာပါပဲ။

ချန်ယန် ရုတ်​တရက် ​ပြုတ်​ကျ​လာတာ​ကြောင့်​ အိပ်​ယာက အသံတိုးတိုးမြည်ပြီး အိကျသွားတယ်။

ချန်ယန်က ကုတင်ကြီးပေါ်တွင် လဲလျောင်းရင်း မျက်လုံးတွေကိုမှိတ်ထားကာ သူရဲ့ခန္ဓာကိုယ်နဲ့ စိတ်နှလုံးတစ်ခုလုံးက ယခုအချိန်တွင် တခါမှ မဖြစ်စဖူး ငြိမ်သက်နေခဲ့တယ်။

သူ မနက် ခုနစ်နာရီမှာ အဆောင်ကနေ ထွက်လာခဲ့ပြီး ဆိပ်ကမ်းကိုရောက်ဖို့ နှစ်နာရီသုံးနာရီလောက်ကြာအောင် ဘတ်စ်ကားစီးခဲ့ရတဲ့အပြင် ဆိပ်ကမ်းရောက်တော့လဲ လုံခြုံရေးစစ်ဆေးမှုတွေအတွက် တန်းစီခဲ့ရသေးတယ်။ သင်္ဘောပေါ်တက်ဖို့ အချိန် ဆယ်နာရီနီးပါး ယူလိုက်ရတယ်။ သင်္ဘောပေါ်တက်ဖို့အရေး ချန်ယန်တစ်ယောက် မြေပြင်ပေါ်မှာ ထိုင်လျက် အိပ်ပျော်လုနီးပါး စောင့်ဆိုင်းခဲ့ရတယ်။

ကံကောင်းထောက်မစွာနဲ့ နောက်ဆုံးတော့ မမှောင်ခင် အပျော်စီးသင်္ဘောပေါ်တက်နိုင်ခဲ့တယ်။ ချန်ယန်က ကုတင်ပေါ်မှာ ခနလောက်မှိန်းနေလိုက်တယ်။ အခန်းထဲမှာ နေရာတိုင်းကနေ ပင်လယ်ရေနံ့တွေ စိမ့်ထွက်နေသလို ခံစားရတယ်။ သူ ဖြည်းဖြည်းချင်း ထရပ်လိုက်ပြီး သူ့အင်္ကျီနဲ့ ဖိနပ်ကို ချွတ်လိုက်တယ်။ ချန်ယန်က ဖိနပ်တွေကို တံခါးဘေးက ဖိနပ်စင်ထဲ ထည့်လိုက်ပြီး ဖိနပ်အပါးတစ်ရံကို ပြောင်းစီကာ ရေချိုးခန်းထဲသို့ ဝင်လိုက်တယ်။ မျက်နှာသစ် ခြေလက်ဆေးပြီးတာနဲ့ ပြန်ထွက်လာခဲ့တယ်။ တစ်ခုခုစားဖို့ အပြင်ထွက်ရမှာတောင် ပျင်းနေပြီ။

တစ်နေကုန် လှည့်ပတ်ပြေးလွှားခဲ့တာမို့ ချန်ယန်က အိပ်ရာထဲရောက်တာနဲ့ အရမ်းအိပ်ချင်နေပြီ၊ သူနဲ့အတူ ခရီးထွက်လာတဲ့ သူ့သူငယ်ချင်း နှစ်ယောက်နဲ့ ညနေ ခုနစ်နာရီမှာ ညစာစားဖို့ ချိန်းထားသေးတယ်။ ခုနစ်နာရီမထိုးဖို့ တစ်နာရီကျော်ကျော်လိုနေသေးတယ်။

သူ့သားရဲ့ဖေဖေက အချမ်းသားဆုံးဘီလျံနာWhere stories live. Discover now