Part 42.1

589 105 1
                                    

အခန်း ၄၂ (အပိုင်း ၁)

ချန်ယန်က သူတို့သွားမယ့် ဟန်းနီးမွန်းခရီးရဲ့တိကျတဲ့ အသေးစိတ်အချက်အလက်တွေကို အလွန်အကျွံ မမေးပါဘူး။ သူ့ခင်ပွန်း ရှဲ့ရန်က အရာအားလုံးကို စီစဉ်ပေးမယ်ဆိုတာကို သူ သိနေတယ်။

သူက ကလေးလေးကို လက်နှစ်ဖက်နဲ့ ပွေ့ချီထားပြီး ချစ်စဖွယ် ကလေးလေးရဲ့ နဖူးလေးကို ငုံ့နမ်းလိုက်တယ်။ ကလေးလေးက နို့သောက်ပြီး အိပ်ပျော်သွားတဲ့အချိန်မှာ လင်မယားနှစ်ယောက် ကားနဲ့ အိမ်ကနေ ထွက်လာခဲ့ကြတယ်။

ကလေးလေး နိုးလာပြီး သူ့ဖခင်တွေ ရုတ်တရက် ပျောက်ကွယ်သွားတာကြောင့် အော်ဟစ်ငိုကြွေးခဲ့ပေမယ့် အခြားသူတွေက ချန်ယန်တို့ကို သားအတွက် စိတ်မပူစေချင်တာကြောင့် မပြောပြခဲ့ကြဘူး။

အဖေရှဲ့က ကလေးလေးကို သူ့လက်ထဲမှာ ပွေ့ချီထားပြီး လေးလေးလေးရဲ့ဖေဖေတွေက မကြာခင် ပြန်လာမယ့်အကြောင်းကို စိတ်ရှည်ရှည်နဲ့ ချော့မော့နေတယ်။

အဲ့ဒိ မကြာခင် ပြန်လာမယ့်ဆိုတာက တကယ်တော့ ကလေးလေးအတွက် လိမ်ညာမှုတစ်ခုပါပဲ။ ချန်ယန်နဲ့ သူ့မိသားစုဝင်ရဲ့ ဟန်းနီးမွန်းခရီးက လဝက်နီးပါး ကြာမှာပါ။

တစ်နည်းအားဖြင့် ဖခင်ဖြစ်ဖို့ အရည်အချင်း မပြည့်မီတဲ့ ဖခင်နှစ်ယောက်က သူတို့နှစ်ယောက်တည်း ပျော်ပျော်ရွှင်ရွှင် နေထိုင်နိုင်ဖို့ အားနည်းပြီး အားကိုးရာမဲ့ ဖြစ်နေတဲ့ ကလေးငယ်လေးကို အိမ်မှာ ထားခဲ့ကြတာပါ။

လင်မယားနှစ်ယောက်က ကလေး မလိုချင်တာ မဟုတ်ပေမယ့် ဟန်းနီးမွန်းခရီး ထွက်ဖို့လည်း အရမ်း အရေးကြီးတယ်။ အခု မင်္ဂလာဆောင်ပြီးပြီမို့ ဟန်းနီးမွန်းထွက်မှလည်း ပြီးပြည့်စုံတယ်လို့ ယူဆနိုင်မယ်လေ။ ကလေးလည်းအတွက်တော့ သူတို့လည်း ဝမ်းနည်းရတာပါပဲ။

ခရီးစဉ်အားလုံးကို ကြိုတင်စီစဉ်ထားပြီး ဒီခရီးစဉ်အတွက် ရှဲ့ရန်ရဲ့လက်ထောက် ကျိုးဟွေ့အပြင် အငြိမ်းစားစစ်သားတစ်ဦးကိုလည်း ငှားရမ်းထားသေးတယ်။ လက်ရှိမှာ သူက လုံခြုံရေးကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေပြီး အရင်တုန်းကတော့ ဟုန်ကျန့်ရဲ့ အသင်းဖော်ဟောင်းလည်း ဖြစ်ခဲ့ဖူးတယ်။ ဟုန်ကျန့်က သူ့ကို ဒီနေရာမှာ ယာယီအလုပ်လုပ်ဖို့ တောင်းဆိုပေးခဲ့တယ်။

သူ့သားရဲ့ဖေဖေက အချမ်းသားဆုံးဘီလျံနာWhere stories live. Discover now