Part 15(1/2)

1.1K 162 4
                                    

အခန်း ၁၅ ဖခင်တစ်ယောက်ဖြစ်ရတာ ပျော်ရွှင်ရတယ် (အပိုင်း ၁)

ရှဲ့ရန်က ပုလင်းအဖုံးကို လှည့်ပြီး ဖွင့်ကြည့်လိုက်တော့ ပုလင်းထဲမှာ အနက်ရောင်ဆေးပြားတွေ အများကြီး ရှိနေပြီး တရုတ်ဆေးနံ့ပြင်းပြင်းက သူ့နှာခေါင်းကို ထဲကို ဝင်ရောက်လာလေတယ်။

တခဏတာချင်းမှာပဲ ရဲ့ရှန်ရဲ့ရင်ဘက်ထဲကနေ ဒေါသတွေ တဟုန်ထိုး ထိုးထွက်လာတယ်။ အခုအချိန်အထိ ဒီကားရဲ့ နောက်ခန်းတွင် ထိုင်ခဲ့တဲ့သူက သူ့ကလွဲရင် တစ်ယောက်ထဲပဲရှိတယ်။ ဒီနေ့ ချန်ယန်တစ်ယောက်ပဲ စီးခဲ့တာလေ။

အဲတော့ စဉ်းစားစရာမလိုဘဲ ဒီဆေးဗူးသေးသေးက ဘယ်သူပိုင်လဲဆိုတာ ရှင်းနေတာပါပဲ။

ရှဲ့ရန်က အပျော်စီးသင်္ဘောပေါ်မှာရှိနေကြတဲ့အချိန်ကို မှတ်မိနေသေးတယ်။ ချန်ယန်က သူကို ပြောပြတာကို သူ ကြားဖူးတယ်။ ချန်ယန်က အထက်တန်းကျောင်းမှာကတည်းက သူ့ရဲ့လိင်ခံယူချက်ကို သူ သိနေခဲ့ကြောင်း ပြောပြခဲ့တယ်။ သူ ကောလိပ်တက်ပြီးတဲ့နောက်မှာ သူ့အခန်းဖော်တွေအားလုံးက ချစ်သူရည်းစားတွေကို တက်တက်ကြွကြွ ရှာဖွေခဲ့ကြပေမယ့် သူက လှုပ်တောင် မလှုပ်ရှားခဲ့ဖူးတဲ့။

တစ်ချိန်တည်းမှာပင် ရှဲ့ရန်က ကောင်လေးရဲ့ ငယ်ရွယ်ပေမယ့် အလွန်ဆွဲဆောင်မှုရှိတဲ့ ကိုယ်ဟန်အနေအထားကို တွေးမိပြန်တယ်၊ ကောင်လေးမှာ အတွေ့အကြုံမရှိတဲ့ အပြုအမူလေးတွေ ရှိပေမယ့် သူ့ကို လက်ခံဖို့ သူ့ခန္ဓာကိုယ်ကို ဖွင့်ဟပေးခဲ့တယ်။

ရှဲ့ရန်ရဲ့လက်ချောင်းတွေက ဆေးပုလင်းကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားတယ်။ သူ ချန်ယန်ကို လိုက်ရန် ဆုံးဖြတ်ချက်ချလိုက်တဲ့အချိန်မှာ ဒီကိစ္စက ရုတ်တရက် သူ့ဆီရောက်လာတယ်။ ရှဲ့ရှန်းရဲ့မျက်လုံးတွေက မကျေမနပ်ဖြစ်နေတဲ့ အမှုန်အမွှားတွေနဲ့ ပြည့်နှက်နေတော့တယ်။

"လူနှစ်ယောက်လောက် ရှာလိုက်" ရှဲ့ရန်က ရုတ်တရက် မော့ကြည့်လိုက်ပြီး သူရဲ့အေးစက်စက် အကြည့်က သူ့ရှေ့က လက်ထောက်ဆီကို ဦးတည်နေတယ်။

"ကောင်းပြီ" လက်ထောက်က ကားအတွင်းခန်းမှန်ကနေ အနောက်မှာထိုင်နေတဲ့ သူ့သူဌေးရဲ့အကြည့်ကို တစေ့တစောင်း ဖမ်းမိပြီး နှလုံးခုန်သံတွေ မြန်သွားတယ်။

သူ့သားရဲ့ဖေဖေက အချမ်းသားဆုံးဘီလျံနာWhere stories live. Discover now