💐 Intro 💐

221 29 12
                                    

Intro ~ 

“ 1.... 2....3 ..... ဒုန်း!!!! ”

“ မရသေးပါဘူး ...!! ”

“ ထပ်လုပ်ကြည့်မယ် ...! ”

“ ဆရာ လူနာက သွေးတွေတအားထွက်နေပြီ Shock ရိုက်ရင် ပိုဆိုးတယ် ”

“ အင်း ဟုတ်တယ်။ ခေါင်းကို ထိတာဆိုတော့ ရာခိုင်နှုန်းနည်းမှာ .....! ဒီတစ်ခေါက်လုပ်ကြည့်မယ် ”

“ 1....2.....3 ဒုန်း!!!! ”

“ မရဘူးဆရာ သွေးတွေ မတိတ်တော့ဘူး ”

“ ဒါဆိုရင်တော့ လက်လျှော့ရမယ် ထင်တယ်!! ”

ခပ်မျှင်းမျှင်း ခုန်နေသော နှလုံးခုန်သံတချို့ကို ကြည့်ရှုရင်း ဆရာ၀န်က သက်ပြင်းချသည်။

သွေးတိတ်ဆေးထိုးထားတာတောင် နီရဲရဲ သွေးတွေက အဆက်မပြက် !!

ထို့နောက်တွင်တော့ စက်မှ တတီတီ အသံထွက်လာမှုနှင့်အတူ ရေဒါကလည်း မျဉ်းဖြောင့်သဏ္ဍာန် တန်းသွားတော့သည်။

“ လူနာဆုံးပြီ ဆရာ !! ”

“ Park Chanyeol! အသက် ၂၈နှစ် ။ ည ၈နာရီ ၃၀မိနစ် မှာ ကွယ်လွန်သွားပါပြီ !! ”

သွေးအိုင်ထဲ‌တွင်ငြိမ်ကျနေသော လူအား စိတ်မကောင်းစွာကြည့်ရင်း ဆရာ၀န်မှ ရေရွတ်သည်။ ဖြူလွှလွှ ပုဝါပါးကတော့ ထိုသူ၏ ခန္ဓာထက် လွှမ်းခြုံလို့ ......!

*************

မှောင်မည်းနေသော ရပ်၀န်းတစ်ခု ....!

ရီဝေဝေ မူးနောက်နေသော ခေါင်းကို ဖိကိုင်ရင်း Chanyeol ပတ်၀န်းကျင်သို့ သတိထားကြည့်မိသည်။ ထို‌ နေရာက လေးဖတ်လေးတန် မှောင်မိုက်နေသည်မှာ Chanyeol ဘာမှကို မမြင်ရချေ။ 

ထို့နောက်တဖြေးဖြေးရောက်လာသော မှိန်ပြပြ အလင်းလေးတစ်နေရာကြောင့် ထိုနေရာကို Chanyeol အာရုံစိုက်မိသည်။ တစ်ယောက်ယောက်က Chanyeol ထံသို့ လျှောက်လာဟန်  မြင်လိုက်ရသည်။

“ Park Chanyeol! အသက် ၂၈နှစ်နော်။ အင်း....... ကောင်းမှုတွေလည်း သိပ်မလုပ်သလို မကောင်းမှုတွေလည်း မလုပ်ခဲ့ပါဘူး။ တစ်ဘ၀လုံးစီးပွားရေးပဲလုပ်ခဲ့တာ။ ဘယ်လိုလဲ လူ့ဘ၀ပဲ ပြန်သွားချင်လား? ”

ဘူချွန်းမြေမှ ပန်းပွင့်ငယ် ( U+Z )Where stories live. Discover now