💐 3 💐

60 18 4
                                    

🌻 ပျော်ရွှင်မှုတွေရဲ့သင်္ကေတဟာ ....... နေကြာ 🌻

Part (3)

“ အဲ့တာ ....... ဘာပန်းလဲဟင်~? ”

“ ဒေစီ ~ ”

Chanyeol ဖြေလိုက်တော့ သူက တအံ့တဩကြည့်သည် ထို့နောက် ပြုံးလိုက်ရင်း..........

“ အော် ဒေစီလား...... ချန်ယောလီက ဒေစီတွေကို သဘောကျတာလား?? ”

” ဟင့်အင်း.......ကိုယ်သဘောကျတာ ဒေစီပန်းလေးတစ်ပွင့်ပဲ !! ”

// မျက်စိရှေ့က ဒေစီလေးတစ်ပွင့်ကိုပဲ ရိုးရှင်းစွာ သဘောကျမိတာပါ //

နောက်ဆက်တွဲစကားတွေကိုတော့ Chanyeol စိတ်ထဲမှာသာဆက်ပြောလိုက်သည်။

“ ဟုတ်တယ်နော်...... ဒေစီတွေက တစ်ပွင့်ထဲဆိုပိုလှတယ်။ ဘယ်ဆိုးလို့လဲ ချန်ယောလီက ပန်းတွေအကြောင်းသိသားပဲ!! ”

“ ဟားဟား ကိုယ်သိတာ ဒါပဲရှိတာပါ။ ”

“ ကျတော် သဘောကျရတဲ့ ဒေစီခင်းကြီးရှိတယ် ဒီကနေ‌ဆို နည်းနည်းဝေးပေမယ့် နောက်ပိုင်းအချိန်ရရင် ချန်ယောလီကို လိုက်ပို့ပေးမယ်လေ ”

“ ဘတ်ခ်ဟျွန်းနီး ဆီမှာ မစိုက်ဘူးလား ”

“ ဟင့်အင်း...... သူက အလေ့ကျပေါက်‌တာမို့ လေ ”

ဘူချွန်းမှာ ဒေစီတွေက အလေ့ကျပေါက်တာတဲ့ !! Chanyeol Seoul မှာနေတုန်းကတော့ ဒေစီပန်းတွေကို အလှဆင်ပြီးရောင်း၀ယ်တာမြင်ဖူးသည်။ စီးပွားရေးသမားတွေများ လုပ်စားကြလားမသိ။

“ ဒါဆို နေကြာတွေကရော?? ”

ခပ်လှမ်းလှမ်းမှာ အနည်းငယ် ပွင့်ဖူးနေကြတဲ့ အဝါရောင်ပန်းခင်းကြီးကိုကြည့်ရင်း Chanyeol မေးလိုက်သည်။ ဘာလို့ဆို ဒီကိုလာရင်းလမ်းတလျောက်မှာ အလေ့ကျပေါက်နေတဲ့ နေကြာတွေကို Chanyeol မြင်တွေ့ခဲ့ရသည်မို့‌ပင် !

“ နေကြာတွေကတော့ မတူဘူး ချန်ယောလီရဲ့။ အလေ့ကျပေါက်တဲ့နေကြာက ချုံပင်အမျိုးအစားထဲပါပြီး ဟောဟို.... က နေကြာတွေကတော့ တစ်ပင်စီပေါက်ကြတာ။ ဒီနေကြာတွေက‌ပိုလှတယ်လေ။ ကျတော့် ဆိုင်မှာ အရောင်းရဆုံးပေါ့ ”

အပြုံးလေးတစ်ပွင့်နဲ့ ဂုဏ်ယူစွာပြောနေတော့ Chanyeol လည်း ပြုံးမိလိုက်သည်။ စောနက ပန်းဆိုင်လေးထဲမှာ နေကြာတွေကို အများဆုံးတွေခဲ့ရတဲ့ အကြောင်းကိုအခုမှသိတော့သည်။

ဘူချွန်းမြေမှ ပန်းပွင့်ငယ် ( U+Z )Where stories live. Discover now