💐 2 💐

84 20 7
                                    

ပန်းတွေဟာ ကမ္ဘာမြေမှသီကျူးတဲ့ တေးသံစဉ်တစ်ပုဒ်

Part 2

မနက်ခင်းရဲ့လေနုသွေးသွေးက တစ်ထပ်အိမ်ပုလေးနားတဝိုက် ဝေ့ကာ ဝဲကာ..........
ငှက်ငယ်တို့ရဲ့ တေးသံသာကလည်း မနက်ခင်းကို ပို၍ အသက်၀င်စေလှသည်။

တစ်ထပ်အိမ်ပုအတွင်းမှ တတ်ကြွဖွယ် သီချင်းဆိုညည်းသံက လည်း ပတ်၀န်းကျင်အလှကိုဖြည့်တင်းပေးနေသေးသည်။

မှန်ရှေ့မှာ ရောက်နေတာ နာရီဝက်ရှိပေမယ့် မိမိကိုယ်ကိုကြည့်ရတာ သိပ်တော့စိတ်တိုင်းမကျလှ၊ ချောတယ်ဆိုတာ သိသော်လည်း တစ်ခုခုလိုနေသလိုခံစားရသည်။

ဒီနေ့ကတော့ Baekhyun ရဲ့ ပန်းဆိုင်လေးဆီသွားရမှာမို့ မိုးသောက်စင်စင်လင်းကတည်းက Chanyeol တတ်ကြွနေမိသည်။
မှန့်ရှေ့ ဟိုလှည့်၊ ဒီလှည့်လုပ်ကြည့်ကာ သိသိသာသာနုပျိုသွားတဲ့ ၁၈နှစ်အရွယ် မိမိကိုယ်ကိုယ်ပြန်ကြည့်ရင်း အလိုမကျတာ တစ်ခုတော့ရှိနေ‌သည်။ သို့သော် အဖြေရှာလို့တော့မတွေ့သေး!

“ ကျစ်* ဆံပင်ကလည်း မိုက်နေတာကို၊ ဘာက ဘယ်လို လိုနေသေးမှန်းကိုမသိဘူး ”

Chanyeol ရေရွတ်လိုက်ပြီးမှ ရုတ်တရတ်သတိရလာမိတာက ကြွက်သားတွေ !! ဟုတ်သားပဲ....... ရင်အုပ်ကြီးကြီး၊ လက်မောင်းကြီးကြီး၊ ကျစ်လျစ်တဲ့ ကြွက်သားတွေဟာ အသက် ၁၈နှစ်အရွယ်မှာမှ မရှိသေးဘဲ !! ~ ရှည်လျားသော အရပ်တစ်ခုသာရှိပြီး အနည်းငယ်ပိန်နေတဲ့ ခန္ဓာကိုယ်ကို သိပ်တော့မကျေနပ်လှ၊ ရုပ်လေးချောနေတာပဲ တော်လှပြီဖြစ်သည်။

ရှေ့ဆက်ရမယ့်အနာဂါတ်က ဘာမှန်းမသေချာပေမယ့် Chanyeol အရင်လိုတော့ စီးပွားရေးကိုမမက်မောမိတော့တာ တော့ သေချာသည်။ ဒါကလည်း ထိုကောင်‌ငယ်လေးရဲ့ ရိုးရှင်းမှုတွေကို မြင်ရပြီးတဲ့ နောက်မှာပေါ့ ~ ! ကြွယ်၀အောင်မြင်မှုတွေထက်စာရင် ဒီလို မြို့ငယ်လေးတစ်ခုမှာ သဘာ၀တရားနဲ့အတူ ရိုးရှင်းစွာ ဖြတ်သန်းရသည်ကလည်း တစ်မျိုးသော စည်းစိမ်ပေပဲဆိုတာ Chanyeol နားလည်စပြုလာသည်။

ဖြစ်နိုင်ရင် ဒီအခိုက်အတန့်တွေကို ရပ်တန့်ထားချင်မိသည်။ ဒါဟာ ပိတ်မိနေတဲ့ အတိတ်တစ်ခုဆိုတာ Chanyeol သိထားပြီးသားပေမယ့်လို့ပေါ့ !!~

ဘူချွန်းမြေမှ ပန်းပွင့်ငယ် ( U+Z )Where stories live. Discover now