💐 4 💐

62 13 1
                                    

ဖြူစင်ခြင်းအချစ်ရဲ့ သက်သေ

Part 4 

“ ချစ်ခြင်းတစ်ခုရင်မှာပေါက်ဖွားလာတဲ့အခါ ကမ္ဘာမြေဟာ လှပလိမ့်မည် ~

အချစ်ကိုတွေ့ရှိတဲ့အခါ ပန်း‌တွေပွင့်ကြတာများ ဝေဝေဆာဆာ ..........

သစ်ပင်ကြီးတွေက အနားယူဖို့လက်ယက်ခေါ်တဲ့အခါ ချစ်ရသူကိုထွေးပိုက်လို့ သစ်ရိပ်အောက်သာအမြန်ပြေး၀င်လှည့်ပါ.........”

“ အော် သားကရောက်နေပြီပဲ အားနာလိုက်တာ ”

Chanyeol နေ့လည်ကမှ၀ယ်လာတဲ့ စာအုပ်လေးတစ်အုပ်ကို ထိုင်ဖတ်ရင်း ပြုံးမိနေတုန်း အသံကြားတာကြောင့်မော့ကြည့်လိုက်တော့ အိမ်ရှင်အာဂျူးမားက ကလေးငယ်လေးတစ်ယောက်ကိုလက်ဆွဲထားရင်းကပြောလာသည်။

Chanyeol မတ်တပ်ထရပ်ရင်း စက်ဘီးခြင်းထဲက နောက်ဆုံးကျန်တဲ့ ပန်းအချို့ကို ယူပေးလိုက်တော့ အာဂျူးမားကနှစ်လိုဖွယ်ပြုံးသည်။

“ ရပါတယ် အာဂျူးမားရဲ့ ကျတော်လည်း စာဖတ်ရင်းစောင့်တော့ ပျင်းမနေပါဘူး ”

“ အေးကွယ် အာဂျူးမားလည်းတစ်ယောက်ထဲဆိုတော့ ကလေးကျောင်းသွားကြိုတာနဲ့ အိမ်ကိုသော့ခတ်ခဲ့လိုက်တာ ကျေးဇူးနော် သား ။ ရော့ ဒီမှာ အခကြေးငွေ ”

အာဂျူးမားပေးလာတဲ့ ငွေကို Chanyeol ရိုသေစွာယူလိုက်ပြီး အိတ်ကပ်ထဲထည့်ကာ ‌စက်ဘီးလေးကိုကိုင်လိုက်သည်။ ဖတ်လက်စစာအုပ်လေးကို စက်ဘီးခြင်းထဲထည့်ရင်း ထွက်မယ်အပြု အာဂျူးမားရဲ့ ရေရွတ်သံကြောင့်ပြုံးမိသေးသည်။

“ Baekhyun လေးရဲ့ ပန်းတွေက အမြဲလန်းဆန်းနေတော့တာပဲ ”

ဒီအမည်နာမ ကိုကြားရုံနဲ့တင် Chanyeol ရင်ထဲ အေးချမ်းမှုအတိ ~

 စက်ဘီးခြင်းထဲက စာအုပ်လှလှလေးဟာ Chanyeol ကို ပန်းတွေအကြောင်း သိဖို့ ကူညီပေးလိမ့်မည်။ 

သူချစ်တဲ့ အရာတွေကို ကိုယ်ကမြတ်နိုးပေးတဲ့အခါ ထိုအရာကို အချစ်လို့ ခေါ်လို့ရလေသလား.......?

အခုချိန်ကစပြီး ‌ပန်းပွင့်တွေ အကြောင်းကို လေ့လာရင်း သူချစ်တဲ့ပန်းပွင့်တွေကိုလည်း ကိုယ်က တမြတ်တနိုးချစ်သွားဖို့ရှိပါသည်။

Bạn đã đọc hết các phần đã được đăng tải.

⏰ Cập nhật Lần cuối: Jan 08 ⏰

Thêm truyện này vào Thư viện của bạn để nhận thông báo chương mới!

ဘူချွန်းမြေမှ ပန်းပွင့်ငယ် ( U+Z )Nơi câu chuyện tồn tại. Hãy khám phá bây giờ