💐 1 💐

98 25 11
                                    

Purple Rose များနှင့် စတင်ခြင်း

Part (1)

“ ဟယ်...... ခင်ဗျား သတိရလာပြီ ”

အသံလာရာကို လှည့်ကြည့်မိတော့ မျက်၀န်းအိမ်ကျဉ်းကျဉ်းလေး‌နဲ့ စိုးရိမ်စွာ ကြည့်နေသူဟာ ခရမ်းရောင်ပန်းပွင့်တွေထည့်ထားသော ခြင်းကို ကိုင်လို့ထားသည်။

Chanyeol မူးနောက်နောက်ဖြစ်နေရာက မှတ်ဉာဏ်တွေက သူ့အလိုလို အစီအရီပေါ်လာပြီး ထိုကောင်ငယ်လေးဟာ Chanyeol ကယ်တင်ရမယ့်သူဖြစ်မှန်းသိလိုက်ရသည်။ ဒီလိုကျတော့လည်း ဆိုက်ဆိုက်မြိုက်မြိုက်ပါပဲ!!

“ ခင်ဗျား အဆင်ပြေရဲ့လားဗျ ”

ဒီတစ်ခါတော့ လက်ထဲက ပန်းခြင်းကို ဘေးချလိုက်ပြီး လွတ်လပ်သွားသော လက်တွေဖြင့် Chanyeol ရဲ့ နားထင်နားသို့ တို့ထိလာသည်။

“ နာနေသေးလား ”

ထိုအချိန်ထိ Chanyeol ဘာစကားမှပြန်မပြောနိုင်ဘဲ ထိုကောင်လေး၏ လှုပ်ရှားမှုတစ်ခုချင်းစီကိုအသေးစိတ်စွာ လိုက်ကြည့်နေမိတာက ထူးဆန်းလှသည်။ ပိုပြီးထူးဆန်းသည်က လက်ဖဝါးနုနုရဲ့ ထိတွေ့မှုတစ်ခုမှာ Chanyeol ရဲ့ရင်ခုန်သံတွေ ဗြောင်းဆန်ကုန်သည်။

ရိုးသားစွာ၀န်ခံရရင်ဖြင့် Chanyeol ချစ်မိသွားခဲ့သည် ~ စက္ကန့် ၂၀သာ ကြာတဲ့ အချိန်လေးအတွင်းမှာ ထိုမျက်၀န်းကျဉ်းကျဉ်းတွေ ~ ထိုနှုတ်ခမ်းပါးတွေနှင့် ~ လက်ဖဝါးရဲ့ အထိအတွေ့သေးသေးလေးတစ်ခုကို Chanyeol မြတ်နိုးစွာ ချစ်မိသွားသည်။

အံ့ဩဖို့ကောင်းတာက ဆေးရောင်စုံခြယ်သထားတဲ့အပြင် အချိုးအစားပါလှပပါသော Chanyeol ကို ချဉ်းကပ်ကြသည့် ဂုဏ်သရေရှိ အမျိုးသမီးတချို့ကို ပြတ်ပြတ်သားသားငြင်းနိုင်ခဲ့ပေမယ့် ခုမှတွေ့တဲ့ ဒီရိုးရှင်းတဲ့ ကောင်ငယ်လေးကိုမှ မြင်မြင်ချင်းချစ်မိတယ်တဲ့လေ !!

Chanyeol ကြားမိဖူးတဲ့ Love at first sight ဆိုတာ ဒါမျိုးပေလား?

“ အယ်...... ခင်ဗျား စကားမပြောနိုင်တော့ဘူး ထင်ရဲ့ !! ”

Chanyeol ကိုငုံ့ကြည့်နေတဲ့ ကောင်လေးက မျက်နှာသိသိသာသာငြိုးကျသွားခါမှ Chanyeol အတွေးထဲမှ ပြန်လည်ရုန်းထွက်မိသည်။

ဘူချွန်းမြေမှ ပန်းပွင့်ငယ် ( U+Z )Where stories live. Discover now