Part 3

724 72 7
                                    

Unicode

ရှေးဟောင်းသံတံခါးကြီး၏အဝင်ဝတစ်ခုရှေ့တွင် အတူတူရပ်နေကြသောကောင်လေးနှစ်ယောက်မှာ တစ်ဦးကိုယ်တစ်ဦးလည်းမသိသောကြောင့် ရောက်ရှိနေသောနေရာနှင့်တစ်ယောက်ကိုတစ်ယောက် တစ်လှည့်စီစူးစမ်းလိုသောမျက်လုံးများဖြင့်ကြည့်နေမိကြသည်။ ကောင်လေးနှစ်ဦးဆိုသည်ထက် ကလေးနှစ်ယောက်လို့ပြောလျှင်ပိုမှန်မည်ထင်သည်။

အသက်ခုနစ်နှစ်စွန်းစွန်းသာရှိလောက်ဦးမည့်ကလေးနှစ်ယောက်မှာ ဤခြံဝင်းကြီးရှေ့သို့ဘာကြောင့်ရောက်နေသလဲလို့မေးလျှင် တစ်ဦးမှာအိမ်ကနေခိုးထွက်လာခြင်းဖြစ်ပြီး ကျန်တစ်ဦး၏အကြောင်းအရင်းကိုတော့မသိ။

"မင်းကဒီနားမှာနေတာလား"

မျက်ဝန်းဝိုင်းလှလှလေးနှင့်ကလေးကမေးတော့ တခြားကလေးလေးကခေါင်းကိုယမ်းပြပြီး ပြန်လည်မေးခွန်းထုတ်သည်။

"မင်းကရော"

"ငါ...ငါကအိမ်ကနေခိုးထွက်လာတာလေ ခစ်ခစ် ဘယ်သူမှမသိလိုက်ကြဘူး"

"အပြင်မှာနေရင်အန္တရာယ်များတယ်လို့ငါ့ပါပါးကပြောတယ် မင်းကအိမ်မပြန်သေးဘူးလား"

အိမ်ထဲမှာနေရတာစိတ်ရှုပ်လွန်း၍လူလစ်ချိန်မှာခိုးထွက်လာခဲ့သူ ကလေးလေးမှာတော့ထိုစကားကြောင့်နှုတ်ခမ်းသေးသေးလေးတို့ဆူသွားရသည်။

"မင်း မင်းကျတော့ရော"

စွာတေးအသံလေးက လက်ညှိုးလေးတစ်ချောင်းနဲ့အတူထွက်လာတာကြောင့် သူ့နံဘေးကကလေးမှာလည်း မျက်လုံးလေးကိုထောင့်ကပ်ကာမကျေမချမ်းကြည့်လာသည်။

"ငါကအိမ်ဘယ်လိုပြန်ရမလဲမသိလို့... အနက်ရောင်ဝတ်ထားတဲ့လူကြီးတွေဆီကနေထွက်ပြေးလာတာ သူတို့ကငါ့ဒယ်ဒီနဲ့ပါပါးမဟုတ်တော့သူတို့နဲ့မနေချင်ပါဘူး"

"ဟင် သူတို့တွေကမင်းကိုလိုက်မဖမ်းကြဘူးလား"

"ဖမ်းတယ်လေ ငါကဟိုးနားကဦးလေးကြီးရဲ့ကားထဲကနေခိုးလိုက်လာတာ"

ဟိုးနားကဆိုပြီးညွှန်ပြတဲ့နေရာလေးကိုလိုက်ကြည့်တဲ့ကလေးလေးရဲ့မျက်လုံးမှာ စိတ်ဝင်စားမှုများဖြင့်တောက်ပနေသည်။

My Fake OmegaWhere stories live. Discover now