Part 14

249 39 3
                                    

Unicode

အထက်တန်းဆန်ဆန် သပ်ရပ်စွာနဲ့ ခဲရောင်နဲ့အဖြူရောင်စပ်ပြီး နံရံကိုအလှဆင်ထားသော အခန်းထဲရှိကုတင်ကျယ်ကြီးထက်တွင် တိတ်ဆိတ်သောညချမ်းဖြစ်သည့်အလျောက် အိပ်မောကျနေတဲ့သူနှစ်ယောက်အနက်မှာ တစ်ယောက်က အေးအေးချမ်းချမ်းနှင့် နှစ်ခြိုက်စွာအိပ်ပျော်နေသော်လည်း ကျန်တစ်ဦးမှာတော့ အိပ်မက်ဆိုးတို့မက်နေမှန်းကို တွန့်ချိုးနေသောမျက်ခုံးများက သက်သေပြနေချေ၏။

အိပ်မက်ထဲကပုံရိပ်များက ပိုမိုပြီးထင်ရှားလာတဲ့အလျောက် ခေါင်းကိုယမ်းနေမိကာ တစ်ကိုယ်လုံးမှာလည်းချွေးစေးတို့ပြန်နေရင်း အသိစိတ်မရှိစွာနဲ့ ဖယ်ရိုမုန်းနံ့တို့ကိုပါ အတားအဆီးမရှိ ထုတ်လွှတ်နေမိသည်။

"သားငယ်! အဲဒီလိုမလုပ်ရဘူး!"

"တောင်းပန်ပါတယ်~"

ဆူညံနေသော အော်သံများကြားမှ တောင်းပန်သံသဲ့သဲ့နဲ့အတူ သူ့ကိုကားထဲကနေတွန်းချလိုက်သော လက်တစ်စုံ...။

"ဟင့်အင်း~မလုပ်ရဘူး...မရဘူး~..."

လေထုထဲမှာပျံ့လွင့်နေတဲ့ ဖယ်ရိုမုန်းအနံ့တွေကြောင့်ရော၊ သူ့ဘေးကလူရဲ့ တိုးညင်းညင်းအသံကြောင့်ရော လန့်နိုးကာ အိပ်နေရာကနေနိုးလာခဲ့တဲ့ထယ်ယောင်းမှာ သူ့ဘေးကလူကို ချက်ချင်းထကြည့်မိလိုက်သည်။

ချွေးသီးချွေးပေါက်တွေက မျက်နှာအနှံ့မှာသီးလျက်ရှိကြပြီး ပါးစပ်က‌လည်းနှိုးနေရင်း ချွေးတွေကိုသုတ်ပေးမိတော့ သူ့ရဲ့ညာလက်ကို ဂျောင်ဂုရဲ့ဘယ်ဘက်လက်က ဆုပ်ကိုင်လာခဲ့သည်။

ရုတ်တရက်မလို့ဆွံ့အသွားသော်လည်း သေချာပြန်ကြည့်တော့ ထိုသူကနိုးမလာသေးပေ...မျက်မှောင်ကိုစုကြုံ့ထားပြီး 'မလုပ်ပါနဲ့~' ဆိုတာကိုပဲ တိုးဖျော့ဖျော့အသံနဲ့ အဆက်မပြတ်ရေရွတ်နေလေ၏။

အကူအညီဖြစ်လောက်မလားဆိုတဲ့အတွေးနဲ့ သူ့ရဲ့ဖယ်ရိုမုန်းအနံ့ကိုထုတ်ပေးကြည့်တော့ အခန်းတွင်းရှိ ဂျောင်ဂုရဲ့လက်ဖက်စိမ်းနံ့ဖယ်ရိုမုန်းတို့က ထယ်ယောင်းရဲ့စတော်ဘယ်ရီနံ့ဖယ်ရိုမုန်းအနံ့တို့နဲ့ ရောယှက်သွားခဲ့ကြပြီး ဂျောင်ဂုရဲ့စုကြုံ့နေတဲ့မျက်ခုံးများကလည်း တဖြည်းဖြည်းနဲ့ပြေလျော့သွားခဲ့တော့သည်။ သို့ပေမယ့်လည်း သူတို့ရဲ့တွဲထားသောလက်တို့ကိုတော့ ဖြည်လျှော့လိုက်ခြင်းမရှိပဲ ခပ်တင်းတင်းသာပိုပြီးဆုပ်ကိုင်လာတာကြောင့် ထယ်ယောင်းမှာလည်း ဖိအားမပေးတော့ပဲ ဒီအတိုင်းသာပြန်လည်လှဲအိပ်လိုက်သည်။

My Fake OmegaWhere stories live. Discover now