ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ

549 72 0
                                    

Chapter 12
October 31, 2023
Chapter 12

ဒေါက်တာဟူတွင် အိုင်ဒီကတ် ရလာနိုင်မည့် နည်းလမ်းများ ရှိကာ ရှဲ့ယွင်နန်ကလည်း ငွေကြေးနှင့် အချက်အလက် အားလုံးကို ထောက်ပံ့ပေးနိုင်သည်။

သူက သွမ့်ချန်ချင်း၏ အချက်အလက်များကို ချက်ခြင်း ဖြည့်စွက်ပေးလိုက်သည်။

“အသက် ၂၂ ၊ ကျောင်း မတက်ဖူး၊ ဟုန်ယဲ့မြို့တော် တစ်ဖက်ခြမ်းရှိ ဆင်ခြေဖုံးဒေသတွင် မွေးဖွားခဲ့သူ”

ဆင်ခြေဖုံးဒေသတွင်  ကျောင်းများ ရှိသော်ငြား ကလေးအများစုက ကျောင်းမတက်ကြ။ ထို့ကြောင့် ဤဒေသတွင် နေထိုင်သူများအနက် အထက်တန်းကျောင်းပင် ပြီးဆုံးအောင် တက်ခဲ့သည့် ရှဲ့ယွင်နန်မှာ ပညာအတတ်ဆုံးဟု ပြောနိုင်ပေသည်။

အစောပိုင်းက သူသည် တက္ကသိုလ်သို့ပင် ဆက်တက်ချင်သေးသော်ငြား ကျောင်းလခမှာ များစွာ ဈေးကြီးလှသည့်အတွက် ... တက္ကသိုလ်ဝင်ခွင့်ရကြောင်း မည်သူကိုမှ မပြော၊ သူကိုယ်တိုင်လည်း သွားမတက်ခဲ့တော့ချေ။

အကယ်၍ ကောလိပ် တက်ခဲ့ပါလျှင် ထိုစဉ်က အခြေအနေများအရ အိမ်တစ်ခုလုံး အခွံချည်း ကျန်ခဲ့သည့်တိုင် ငွေကြေးလောက်ငမည် မဟုတ်ချေ။ အခြား ငွေရှာရန် နည်းလမ်းများလည်း ရှိနေသည့်အပြင် ဘွဲ့ရပြီးသည့်နောက် အထွေထွေခရိုင်တွင် ခြေကုပ်ယူနိုင်ရန်ကပင်လျှင် မည်မျှအထိ ခက်ခဲလှကြောင်းကိုလည်း သဘောပေါက်သွားခဲ့၏။

ထို့ကြောင့် အိမ်သို့ ပြန်လာကာ ကားပြင်သည့် လုပ်ငန်းကိုသာ အမွေဆက်ခံခဲ့တော့သည်။

အိုင်ဒီကတ်ကိစ္စကို ဆောင်ရွက်ပြီးသည့်နောက် သူသည် မိတ်ကပ်ပစ္စည်းများကို ဝယ်ရန်အတွက် အစ်မဝူထံ ထွက်လာလိုက်သည်။

အသားရောင်းချသည့် လုပ်ငန်းအပြင် အစ်မဝူသည် အသားအရေ ထိန်းသိမ်းသည့် ပစ္စည်းများနှင့် မိတ်ကပ်ပစ္စည်းများကိုလည်း ရောင်းချသေးသည်။ သို့သော် မြို့ထဲ၌ ထိုပစ္စည်းများကို ဝယ်သုံးသူဟူ၍ များများစားစား မရှိလှချေ။

ရှဲ့ယွင်နန် ရောက်သွားချိန်တွင် အစ်မဝူသည် အိပ်ယာနိုးကာစသာ  ရှိသေး၏။  ညဝတ်အတွင်းခံကိုပင် မလဲရသေး။ ရှဲ့ယွင်နန်က မိတ်ကပ်ဝယ်လိုကြောင်း သိလိုက်ရသည့်အခါ မျက်လုံးတို့ အလန့်တကြား ပြူးကျယ်သွားတော့သည်။

ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲWhere stories live. Discover now