ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ

598 66 0
                                    

Chapter 50
October 31, 2023
Chapter 50

တစ္ဆေဘုရင်က ပုန်ကန်ရန် စီစဉ်ထားခဲ့ပြီးဖြစ်သည်။

ဤကုန်းမြေတိုက်သည် မည်သည့်အချိန်ကမှ တည်ငြိမ်အေးချမ်းခြင်း မရှိခဲ့။

ဟုန်ယဲ့မြို့သည် မြင့်မြတ်မြို့တော်နှင့် မဝေးလှသည့်အတွက် အခြေအနေ ကောင်းမွန်လှသေးသည်။ သို့သော် အချို့သော စွန့်ပစ်ခံဒေသရှိ လူတို့၏ ဘဝမှာမူ သနားစရာပင်။

အင်အားကြီးသူများက မြို့ကြီးပြကြီးများကို အပိုင်ယူထားကာ သာမန်လူများမှာမူ ဝဝလင်လင် စားနိုင်ရန်ပင် ခဲယဉ်းကြသည်။

သို့သော် အဖိနှိပ်ခံ သာမန်လူတန်းစားများတွင်လည်း အင်အားကြီးသည့် တိုက်ခိုက်သူအချို့ ရှိနေဆဲပင်။

ထိုသူများအနက် အချို့သော နဂါးနှိမ်နင်းသူများက မိစ္ဆာနဂါးအဖြစ် ပြောင်းလဲသွားကြသည်။ လုံလုံလောက်လောက် အင်အားကြီးမားလာသည့်အခါ ထိုသူများက အခြားသူများကို တစ်ဖန် အနိုင်ကျင့်ခြင်းဖြင့် သံသရာလည်နေ၏။ ထိုအခြေအနေကို ပြောင်းလဲပစ်ချင်သည့် အများနှင့်မတူ ကွဲပြားနေသူ အချို့လည်း ရှိနေပေသည်။

ထို့အပြင် နိမ့်ကျသည့် အဆင့်အတန်းဖြင့် မွေးဖွားလာခြင်း မဟုတ်သည့်တိုင် ဖိနှိပ်ခံရသူများလည်း ရှိနေသေး၏။ လတ်တလော နှစ်များအတွင်း သူပုန်တပ်ဖွဲ့မှာ များစွာ ကြီးထွားလာကာ နေရာအများအပြားကိုပင် ခြေကုပ်ယူနိုင်ခဲ့သည်။

တစ္ဆေဘုရင်သည် ထိုသူပုန်အဖွဲ့၏ အသိအမှတ်ပြုထားသော ခေါင်းဆောင်ဖြစ်သည်။

သို့သော် အခြားသူများက သူ့စကားကို အမှန်တကယ် နားထောင်ခြင်း ရှိမရှိမှာမူ သီးခြားအကြောင်းအရာ ဖြစ်ပေသည်။ သူသည် လူသိအများဆုံးနှင့် အသိအမှတ်ပြုခြင်းကို အခံရဆုံးသူ ဖြစ်သည်ဟူသည့် အကြောင်းကြောင့်သာ ခေါင်းဆောင် ဖြစ်လာခဲ့ခြင်း ဖြစ်သည်။

ကုန်ဈေးနှုန်းများ အဆမတန် တိုးမြင့်လာခြင်းနှင့်အတူ လတ်တလော ဟုန်ယဲ့မြို့တော်၏ အနေအထားမှာလည်း မတည်ငြိမ်တော့ချေ။ သူတို့က ဤအခြေအနေကို အခွင့်ကောင်း ယူနိုင်ရာ ...ယခင်က  သူ့သရုပ်မှန်ကို သုံး၍ ထိုကိစ္စနှင့် ပတ်သက်သူများကို ဆက်သွယ်ခဲ့ဖူးသည်။

ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲWhere stories live. Discover now