chapter 61

361 51 0
                                    

Chapter 61 Delicate Little Wife
December 02, 2023
Chapter 61

“မင်းလက်ထဲမှာ ဘာလို့ ဒီလောက်တောင် ရတနာတွေ အများကြီး ရှိနေရတာလဲ ...”

တစ္ဆေဘုရင်က သွမ့်ချန်ချင်းကို အပြန်ပြန်အလှန်လှန် စိုက်ကြည့်ကာ မေးလိုက်သည်။

“ငါ့ကို ဖန်တီးခဲ့တဲ့သူက သာမန်မဟုတ်တဲ့ ဇစ်မြစ် ရှိနေလို့များလား ...”

သွမ့်ချန်ချင်းက ပြောလိုက်သည်။

သူက တစ္ဆေဘုရင်နှင့် ရှဲ့ယွင်နန်ကို မည်ကဲ့သို့ ကျင့်ကြံသင့်ကြောင်း သင်ကြားပေးပြီးနောက် စိတ်စွမ်းအင် မရှိသလောက် နည်းပါးသည့် ကမ္ဘာတွင်ပင် အချို့သော ရတနာများနှင့် စိတ်စွမ်းအင် ဆေးပင်များ၏ အကူအညီများဖြင့်သာဆိုလျှင် သူတို့သည် ရွှေအမြုတေအဆင့်သို့ပင် ရောက်ရှိနိုင်ပေသည်။

သို့သော် သူထုတ်ပေးသည့် ကျင့်ကြံစဉ်ကမူ အများဆုံးအနေဖြင့် နဝမအဆင့် တိုက်ခိုက်သူ ဖြစ်လာနိုင်သည့် ချီသန့်စင်ခြင်းအထွတ်အထိပ်အဆင့်အထိသာ ရောက်ရှိအောင် ကူညီပေးနိုင်ပေသည်။

သို့သော် ကောင်းကျိုးများစွာလည်း ရှိနေသေး၏။ လူတိုင်း ကျင့်ကြံနိုင်ကာ များစွာလည်း လွယ်ကူလှပေသည်။

ဤကမ္ဘာတွင် နေထိုင်သူများအတိုင်း တွေးကြည့်ပါလျှင်မူ နဝမအဆင့် တိုက်ခိုက်သူဟူသည်မှာ ထိပ်သီးအဆင့် ဖြစ်ရာ  ဤနည်းလမ်းက လုံလောက်သည်ထက်ပင် ပိုမိုနေသေးသည်ဟု ခံစားမိလာသည်။

ရှဲ့ယွင်နန်နှင့် တစ္ဆေဘုရင် ကျင့်ကြံသည့် ကျင့်စဉ်ကိုမူ နောက်မျိုးဆက်များအား လက်ဆင့်ကမ်းပေးရန် မလိုအပ်ချေ။

သူက ကျင့်ကြံစဉ်အား တစ္ဆေဘုရင်ကို သင်ကြားပေးကာ နောက်တစ်ကြိမ် ထင်ရှင်းပြလိုက်သည်။

“ဒါကို ယွင်နန်ကို သင်ပေးလိုက် ယွင်နန်ကနေမှ တစ်ခြားသူတွေကို ပြန်သင်ခိုင်းလိုက်ပါ ..."

ဤကဲ့သို့သော လုပ်ရပ်မျိုးဖြင့် ဂုဏ်သိက္ခာကို တည်ဆောက်နိုင်ရာ ရှဲ့ယွင်နန်ကသာ ကျိန်းသေ လုပ်ဆောင်သင့်ပေသည်။

ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲDonde viven las historias. Descúbrelo ahora