Part 7

5.5K 636 56
                                    


ခပ်လှမ်းလှမ်းမှာ အစ်မဖြစ်သူနဲ့ ဓာတ်ပုံရိုက်နေတဲ့ Rowan က ကျွန်တော့်အား လက်ယက်ခေါ်နေသည်။ မိသားစုနဲ့ဖြစ်တာကြောင့် ကျွန်တော်အရမ်းရင်းနှီး မနေချင်လိုပါ။ Rowan အတွက်တော့ ကျွန်တော်မတရားဘူးမဟုတ်လား။

"Jeon ဓာတ်ပုံလာရိုက်လေ နေရခက်လို့လား"

"မဟုတ်ပါဘူး ကိုယ်နဲ့ပြီးမှသပ်သပ်ရိုက်ရအောင်"

"ဟုတ်"

Rowan က ကျွန်တော့်မျက်နှာအရိပ်အကဲကြည့်နေတတ်ပြီး ကျွန်တော်ကတစ်ခွန်းဆို ဘယ်တော့မှငြင်းတယ်မရှိဖူးခဲ့ပေ။

မနေ့ညက Taehyung ဆီကအပြန် Rowan ဆီမှဖုန်းဝင်လာခဲ့သည်။

"အင်း Rowan"

"Jeon အခုအိမ်ကိုလာခဲ့လို့ရလား Rowan.. ကြောက်လို့ပါ"

"ဘာဖြစ်တာလဲ ကိုယ့်ကိုသေချာပြော Rowan"

ငိုသံလေးနဲ့ ခပ်တိုးတိုးလေးပြောလာ၏။ အိမ်ကိုသူခိုးကပ်တာဖြစ်ပြီး အစ်မနဲ့မိဘတွေက ဂျယ်ဂျုကိုရောက်နေကြောင်းသိလိုက်ရသည်။

"ကိုယ်အခုလာခဲ့မယ် ဖုန်းမချလိုက်နဲ့"

"ဟုတ်.."

ကားကိုခြံထဲမှာ ရပ်ထားတာပေမဲ့ အိမ်ထဲကဘာမှမခိုးဘဲ ကျွန်တော့်ကားထဲက ဆေးရုံအုပ်ရဲ့ခွင့်ပြုချက်ပါတဲ့ ခွဲစိတ်ခန်းသုံးဆေးအသုံးပြုရောင်းဝယ်မှုဆိုင်ရာစာရွက်စာတမ်း stick ကိုခိုးသွားခဲ့တာ။

မနက်အစော Rowan ရဲ့မိဘတို့ရှိရာဆီ ကျွန်တော်နဲ့အတူလိုက်သွားခဲ့တာဖြစ်၏။ Rowan နဲ့ ကျွန်တော်က ဟိုတယ်တစ်ခန်းတည်းဘယ်လိုလုပ်တည်းပါ့မလဲ။ Taehyung က ကျွန်တော့်ကိုဒေါသထွက်သွားတာလေး မြင်ယောင်တိုင်း နှုတ်ခမ်းပါးများကော့ညွတ်သွားရ၏။

"Rowan ကိုယ်ညနေပြန်နှင့်မယ် ဌာနမှာအရေးပေါ်အမှုဆိုပြီး မနက်က Taehyung ဖုန်းဆက်တာ၊ ကိုယ်မင်းမိဘတွေကိုအားနာလို့"

"မဟုတ်တာ Jeon ကလဲ၊ ကျွန်တော့်ကိုပြောရော့ပေါ့ အမေတို့ကိုအားနာဖို့မလိုဘူး Jeon ချက်ချင်းပြန်ရင်ခရီးပန်းနေမှာပဲ"

Rowan က မျက်လွှာလေးချသွား၏။ သူစိတ်ပူပြီးပြောလိုက်သမျှ ကျွန်တော့်အားတည့်တည့်မကြည့်။

Just Friend : Original Version [Completed]Where stories live. Discover now