Part 10 (Zawgyi)

3K 86 0
                                    


ဂျယ်မီနဲ့ ရုပ်ရှင်ကြည့်ပြီးပြန်လာတည်းက တောက်လျှောက် အတွေးနယ်ထဲပျံ့လွင်နေပြီး စိတ်နဲ့ကိုယ်နဲ့ကမကပ်နေပေ။ ဂျယ်မီကလည်း သတိထားမိပေမဲ့ ကျွန်တော့်အားအတင်းမေးတာမျိုးတော့မလုပ်ပါ။

Jungkook နဲ့ နမ်းခဲ့တယ်တဲ့လား။ ကျွန်တော်ကမူးနေလို့ဆိုပြီးမှန်ရင်တောင် သူ့မှာ Rowan နဲ့လေ။ ကျွန်တော်က အရမ်းများတောင်းဆိုတဲ့ပုံပေါက်နေလို့ သူငယ်ချင်းအချင်းချင်း စာနာစိတ်နဲ့နမ်းပေးခဲ့တာများလား။

အဲ့ဒီကောင် ယောက်ျားလေးတွေကို သဘောကျတတ်တာသိပေမဲ့လည်း ကျွန်တော့်ကိုဒီတိုင်းနမ်းခဲ့ရုံပဲမဟုတ်လား။ အဲ့ဒါကလွဲဘာရှိမှာလဲ။ သူငယ်ချင်းအချင်းချင်း မနမ်းရဘူးလဲမရှိဘဲ။ ဟုတ်တယ်။

"ကိုကိုလို့ ဂျယ်မီပြောတာကြားရဲ့လား"

ဂျယ်မီရဲ့ အသံပုံမှန်ထက်ကျယ်လောင်တော့မှ အာရုံကပုံမှန်ပြန်ဖြစ်သွား၏။

"နေမကောင်းလို့လား ကိုကို၊ မျက်နှာလဲရဲနေတယ် အေးလို့လား"

ပါးနှစ်ဖက်အား လက်နဲ့တို့ထိမိရင်းဖြင့်

"ဟင် မ-မဟုတ်ပါဘူး၊ အလုပ်အကြောင်းတွေးမိတာနဲ့ စိတ်ညစ်သွားလို့ ဂျယ်မီအိမ်ထဲဝင်တော့လေ"

"တာ့တာ ကိုကို"

"အင်းအင်း"

ဂျယ်မီကားပေါ်ကဆင်းတော့မှ လေပူများမှုတ်ထုတ်လိုက်ပြီး ကားကိုပြန်ကွေ့လိုက်၏။ အိမ်ကိုပြန်မလို့လုပ်ပေမဲ့ ကျွန်တော်ရောက်လာတာ Rowan ရဲ့ ဆိုင်သို့ဖြစ်နေသည်။

ငါ-ိုးထဲမှ။ ဒီကိုဘာလာလုပ်တာလဲ။ Rowan နဲ့အတူသောက်မယ်ပြောထားတာကို ဘာသွားနှောင့်ယှက်မှာလဲ။ မင်းနဲ့ငါ ဟိုနေ့ညက နမ်းမိတာလားဆိုပြီး ကြောင်တောင်တောင်မေးစရာလဲမဟုတ်နေပေ။

ဆိုင်ရဲ့အောက်လှေကားမှာ Rowan ရဲ့ခါးကိုဖက်ကာရပ်နေတဲ့ Jungkook ကို တန်းမြင်လိုက်ရ၏။ စက္ကန့်အနည်းငယ်ကြည့်နေမိလိုက်တော့ Rowan ရဲ့ နဖူးပေါ်သို့ ငြင်ငြင်သာသာအနမ်းခြွေနေလေ၏။

ဟုတ်ပါတယ်။ ကျွန်တော်မဟုတ်တာ ထင်လိုက်မိတယ်။ Jungkook လိုကောင်က ကျွန်တော့်ကိုစာနာစိတ်နဲ့ မူးနေတော့ နမ်းပေးတာကလွဲ ဘာရှိမှာလဲ။ ရှက်စရာကြီး။ ကျွန်တော်ကလဲ မူးပြီးအရင်နမ်းခဲ့သေးတာကို ဘယ်သူကတော့တွန်းထုတ်ပါ့မလဲ။

Just Friend : Original Version [Completed]Where stories live. Discover now