မှောက်ရက်အနေအထားကိုခံစားမိကာ ခန္တာကိုယ်မှာလည်း အနည်းငယ်ပူလောင်ကပ်စီးနေမှန်း သိပါ၏။ ပါးတစ်ခြမ်းက ခေါင်းအုံးပေါ်သို့ဖိကပ်ထားလျက် အိပ်မှုန်စုတ်ဖွားမျက်လုံးများ ပွင့်လာရသည်။
အခန်းထဲမှာ မည်သူမှရှိမနေပါ။ နေ့အလင်းရောင်ကလဲ တော်တော်လေးပူပြင်းနေပုံအရ နေ့လည်ရောက်ခါနီးလောက်ပြီ။
နာရီကိုဆွဲယူကြည့်လိုက်တော့ ဆယ့်တစ်ခွဲ။
"လုံးဝကိုမူးသွားတာပဲ"
Jungkook ကိုမတွေ့ပုံအရက Rowan တို့နဲ့ ကမ်းခြေရောက်နေလောက်တယ်ထင်။ ညကရော အဲ့ဒီကောင်ပဲ ကုတင်ပေါ်တင်ပေးခဲ့ရမှာ အသေအချာပဲ။
အိပ်ရာပေါ်မှ ငိုက်စိုက်လေးထကာ ရေချိုးခန်းထဲသို့တန်းဝင်လိုက်ရ၏။ ချွေးတွေနဲ့ ကပ်စီးနေတာပဲ။
"မင်းတို့ရေဆော့နေတာလား"
ရေချိုးခေါင်းလျှော်ပြီးထွက်လာတော့ Jungkook နဲ့ တိုးလေ၏။ အဖြူရောင်ရှပ်အင်္ကျီလက်တိုကို ဝတ်ထားပြီး မျက်နှာဟန်မကျချင်နေ။
"ဘာလို့လဲ တစ်ခုခုဖြစ်လို့လား"
"ညက မင်းကားထဲက ငါ့ laptop ခိုးခံလိုက်ရတယ်"
"ဘာကြီး"
Taehyung က မျက်လုံးအဝိုင်းသားနဲ့ အတော်အံ့အားသင့်နေပြီး ကျွန်တော်လည်း အမှန်ပြောရရင် လုံးဝသတိမထားမိတဲ့ အခြေအနေဖြစ်သည်။
"ကားကရော "
"အကောင်းတိုင်းပဲ၊ ကားလောခ့်ရအောင်ဖွင့်ပြီးအဲ့ဒါပဲယူသွားတာ တမင်"
"မဟုတ်မှ ဘာလဲ Hana Sato နဲ့ပတ်သတ်တဲ့ သက်သေလား အဲ့ထဲဘာရှိနေတာလဲ"
"Hana Sato ထက် ဒီကြားထဲရှာထားတဲ့ အဲ့ဒီအက်ဆစ်နဲ့ပတ်သတ်တဲ့ ဖြန့်ချီတဲ့အဖွဲ့အစည်းရော နောက်တစ်ခုက.."
Jungkook က ဆက်မလာဘဲ မျက်မှောင်တစ်ချက်ကျုံ့လိုက်၏။
"ဘာဖြစ်လဲ ဆက်ပြောလေ"
"Hana Sato ဆီကဝယ်တဲ့ နိုင်ငံခြားသား ဂျပန်လူမျိုးရဲ့ နောက်ခံအဖွဲ့အစည်း အကုန်တင်ပြချက်ပါတယ်၊ ကိုရီးယားကို အဝင်အထွက်နှစ်တိုင်းရှိနေတာ"