Chapter 1 🔞

17.8K 53 1
                                    

Mesmeric- ညှို့ယူဖမ်းစားတတ်လေသော

Chapter-1 

ပထမဆုံး အလုပ်စဝင်ရမည့်ရက်ဖြစ်သည့်အတွက် သုတသည် ရုံးခန်းရှိသည့် အဆောက်အဦးရှေ့တွင် ရပ်နေမိသည်။ သူအလုပ်လုပ်ရမည့် ရုံးမှာ လုံးချင်းအိမ်တစ်လုံးကို ငှားရမ်းကာ ရုံးခန်းဖွင့်ထားခြင်းဖြစ်သည့်အတွက် ခြံနှင့်ဝန်းနှင့် အတော်သပ်သပ်ရပ်ရပ်ရှိသည်။ သူ့ရာထူးကား program assistant။ လူမှုသိပ္ပံ (Social Science) ဘာသာရပ်ဖြင့် မာစတာရပြီးနောက် ပထမဦးဆုံးအလုပ်အဖြစ် ဒီရာထူးကို ရသည့်အတွက် ဆိုးလှသည်တော့မဟုတ်။

သို့သော်လည်း ပထမဦးဆုံး အလုပ်ဝင်သည့်ရက်ဖြစ်၍ စိတ်လှုပ်ရှားနေမိသည်။

ခြံဝင်းတံခါးရှေ့မှ ဘဲလ်ကို နှိပ်လိုက်သည်။

တီးတောင်!

သူနှင့်အသက်အရွယ်ကွာပုံမရသော လူငယ်တစ်ဦးထွက်လာကာ တံခါးဖွင့်ပေးသည်။

"ကျွန်တော် စိုင်းသုတပါ။ Program assistant အနေနဲ့ ဒီနေ့ အလုပ်စဝင်မှာပါ"

"ဪ program assistant အသစ်လား။ ဝင်ပါဗျ။ ကျွန်တော် ရွိုင်ရယ်ပါ။ logistic ပိုင်းတာဝန်ယူတယ်"

ရွိုင်ရယ်က သုတကို လက်ကမ်းပေးသည့်အတွက် အချင်းချင်းလက်ဆွဲနှုတ်ဆက်လိုက်ကြသည်။

"၈:၄၅ ပဲရှိသေးတော့ ဝန်ထမ်းတွေ အားလုံးတော့ မရောက်ကြသေးဘူး။ ကျွန်တော် ရုံးထဲက နေရာတွေ လိုက်ပြမယ်"

သုတမှာ ပထမဆုံးရုံးတက်ရက်ဖြစ်သည့်အတွက် နောက်မကျလို၍ အချိန်စောကာ ထွက်လာခဲ့ခြင်းဖြစ်သည်။

"ကျွန်တော်က ဒီရုံးမှာပဲ ညအိပ်တယ်။ ဟို ကားဂိုထောင်အပေါ်ထပ်က အခန်းက ကျွန်တော့်အခန်းပဲ။ ရုံးတက်ရင်း နားတဲ့အချိန်တွေမှာ ဝင်အိပ်၊ ဝင်နားလို့ရတယ်"

ရွိုင်ရယ်​၏ အခန်းမှာ ကားဂိုထောင်​၏ အပေါ်ထပ်ရှိ ဝရံတာနှင့်တွဲပါသည့် တစ်ယောက်အိပ်စာအခန်းလေးဖြစ်သည်။ ခဲနုရောင်လေးသုတ်ထားသည့်အတွက် အပြင်မှ ကြည့်လျှင်ပင် နေချင့်စဖွယ်လေးဖြစ်သည်။

"ဒီနေရာကတော့ မီးဖိုခန်း။ နေ့လည်စာကို အပြင်ထွက်မစားဘဲ အိမ်က ထုတ်လာတဲ့သူတွေက ဒီမှာပဲစားကြတယ်။ တခါတလေလည်း ချက်စားကြတယ်။ ကျွန်တော်ကတော့ ချက်စားတာများတယ်။ ကော်ဖီတွေဘာတွေက ဒီမှာအစုံရှိတယ်"

Mesmeric- ညှို့ယူဖမ်းစားတတ်လေသောWhere stories live. Discover now