Chapter 2 🔞

11K 44 0
                                    


Mesmeric - ညှို့ယူဖမ်းစားတတ်လေသော

Chapter-2

ရုတ်တရက် မိမိ​၏ လက်ပေါ်သို့ ကျရောက်လာသည့် လက်တစ်ဖက်ကြောင့် မေပယ် ကြောင်သွားမိသည်။

သုတ​၏ အရပ်က ၅ ပေ ၉ လက်မခန့်ရှိတာကြောင့် နှစ်ယောက်လုံးဖိနပ်မစီးထားသည့်အချိန်တွင် သုတက မေပယ်ထက် သိသိသာသာပိုရှည်နေ​၏။ ဒါ့အပြင် လက်ချင်းထိထားသည့်အတွက် သုတက မေပယ်ကို အုပ်မိုးထားသလိုဖြစ်နေသည်။

နှဖူးပေါ်တွင် ဆံပင်များ ဝဲကျနေပြီး ဂျင်းဘောင်းဘီအပြာနုရောင်နှင့် ရှပ်ခဲရောင်ကို ဝတ်ထားသည့် သုတကို ကြည့်ကောင်းသည့် ကောင်လေးတစ်ယောက်ဖြစ်မှန်း မေပယ် စိတ်တွင်းမှ အသိအမှတ်ပြုလိုက်ရသည်။ အနက်ရောင်ပါဝါ မျက်မှန်ကိုင်းလေးကို အမြဲတစေတပ်ထားခြင်းကလည်း သူ​၏ ဆွဲဆောင်မှုတစ်ခုလို။

နှစ်ယောက်သားအကြည့်ချင်း ဆုံနေခဲ့ကြပြီး စက္ကန့်ပိုင်းမျှအကြာမှ သုတက လက်ချင်းခွာလိုက်ကာ ချောင်းဟန့်လိုက်သည်။

" အဟမ်း.. ဒီနားမှာ အနောက်တိုင်းမနက်စာတွေရတဲ့ဆိုင်ရှိတယ်။ လမ်းလျှောက်သွားရင်တောင် ၃ မိနစ်လောက်ပဲ ကြာတယ်"

"အင်း သွားမယ်လေ"

မေပယ်က ဦးဆောင်ကာ ရှေ့မှထွက်သွားသည်။

"ရွိုင်ရယ်ရော စားဦးမလားမသိဘူး သွားမေးကြည့်လိုက်မယ်"

သုတရှူးဖိနပ်ကို စီးနေစဉ်တွင် မေပယ်က ရွိုင်ရယ်​၏ အခန်းပေါ်သို့ တက်သွားသည်။

"အစ်မမေပယ်.. ခဏ"

သုတမှာ လိုက်အော်သော်လည်း မမှီတော့။ ဖိနပ်ကြိုးပင် အပြီးထိ မချည်ဘဲ အပြေးလေးလိုက်သော်လည်း လှေကားထိပ်သို့ ရောက်လုခါမှ မှီသည်။

မည်သည့်အသံမျှမကြားရတော့။ အနားယူကြပြီ ထင်သည်။ သုတလည်း ယခုမှ သက်မချနိုင်သည်။

ဒေါက်ဒေါက်!

မေပယ်က တံခါးခေါက်ကာ အော်ပြောသည်။

"ရွိုင်ရယ် ဒီနားက ဆိုင်မှာ မနက်စာသွားစားမယ်လေ"

"မလိုက်တော့ဘူးဗျ။ အိပ်ယာထနောက်ကျလို့"

Mesmeric- ညှို့ယူဖမ်းစားတတ်လေသောWhere stories live. Discover now