Chapter 3 🔞

8.1K 41 4
                                    

Mesmeric- ညှို့ယူဖမ်းစားတတ်လေသော

Chapter 3

နန်းခမ်းဖူး..
သုတ​၏ အစ်မအရင်းခေါက်ခေါက်
မေပယ်​၏ သူငယ်ချင်းအရင်းခေါက်ခေါက်

နန်းခမ်းဖူး​၏ ဖိတ်ကြားချက်ဖြင့် သူတို့ ၃ ယောက်သား ညနေစာအတူစားဖြစ်ကြသည်။

"နင်တို့နှစ်ယောက်က သိနှင့်ပြီးသားလား"

စားသောက်ဆိုင်တွင် စထိုင်သည်နှင့် နန်းခမ်းဖူးက စပ်စုလေတော့သည်။

"အင်း"

မေပယ်က ဖြေသည်။

"ရုံးမှာ မမေပယ်က Program manager။ ငါက Program assistant"

သုတက ဖြည့်စွက်သည်။

"ကောင်းတယ်။ ကောင်းတယ်။ နင်သိလား သုတနဲ့ငါက တခြားပေါက်ကရတွေသာ ပြောဖြစ်ပေမယ့် အလုပ်အကြောင်းတွေ ပြောကြတာမဟုတ်ဘူး"

နန်းခမ်းဖူးက သူ့သူငယ်ချင်းကို ခရားရေလွှတ်ပြောပြနေသော်လည်း သုတစိတ်မဝင်စား။ သူစိတ်ဝင်စားသည်ကား သူ့အရှေ့တွင် ထိုင်နေသည့် အမျိုးသမီးကိုသာ။

Gym တွင်ပင် ရေချိုးပြီးသည့်နောက် မေပယ်က ခေါင်းစွပ် pullover အနက်ရောင်နှင့် ဂျင်းဘောင်းဘီတို အပြာနုကို ရှူးဖိနပ်အဖြူရောင်နှင့် တွဲဖက်ကာ ဝတ်ဆင်ထားသည်။ ပုခုံးအထိ ရှည်သော ဆံနွယ်လေးများကို အနောက်တွင် စုချည်ထားခြင်းက သူ(မ)​၏ လှပသည့် လည်တိုင်ကို ပို၍ ပေါ်လွင်စေသည်။

လည်တိုင်ဖြူလွလွလေးအား နမ်းလိုက်ရလျှင်...

"ဟဲ့ သုတ.. ကြားလား"

"ဘာလဲ"

တကယ်တော့ သူ့အစ်မ ပြောနေသမျှကို သူမကြားလိုက်။ သူ့စိတ်ထဲတွင် မေပယ်ဖူး​၏ အကြောင်းများသာ ရှိနေသည်။

"ဘယ်တစ်ခုကိုကြားရမှာလဲ။ နင်က အများကြီးပြောနေတာကို"

"ငါတို့ နှစ်ယောက်က အတူတူနေမှာလို့။ ဒီနားမှာ တိုက်ခန်းတစ်ခန်းငှားထားတယ်"

"ငါလည်း ဒီနားမှာပဲ ငှားထားတာ"

"ကောင်းတာပေါ့။ နင်ငါတို့ဆီ လာလည်လို့ရတယ်"

သုတအတွက် အကွက်မြင်လေပြီ။

"ဒါဆို နေရာသိရအောင် ခဏနေ ငါနင်နဲ့ မမေပယ်ကို လိုက်ပို့မယ်လေ"

Mesmeric- ညှို့ယူဖမ်းစားတတ်လေသောحيث تعيش القصص. اكتشف الآن