ဂျောင်ဂုလည်း J Group ရဲ့ CEO ဖြစ်သွားသည့်အတွက် ကတိကဝတ် အတိုင်း Mr.Lee ရဲ့ သမီး လီယူနာ နဲ့ လက်ထပ်ဖို့ ဖြစ်လာခဲ့သည် ။ ဒီနေ့ လူချင်း လာတွေ့တာ ဖြစ်သည် ။သူ့လို ဘယ်သူမှ မချစ်တတ်ပါဘူးဆိုတဲ့ လူကို ဘာလို့ လက်ထပ်ချင်ရတာလဲ ဆိုတာ ဂျောင်ဂုလည်း မသိပေ ။ ပုံမှန် အတိုင်းပဲ ဝတ်ဆင်ကာ သူမ ချိန်းဆိုသော နေရာကို သွားဖို့ ကားပေါ် တက်လိုက်သည် ။ သူအခု လုပ်နေတာတွေက မှန်လား ၊ မှားလား သူကိုယ်တိုင်ပင် မဝေခွဲ တတ်ပေ ။
ဘာပဲဖြစ်ဖြစ် သူ J Group ကို ကယ်တင်နိုင်ပြီမလား ဒါသာ အရေးကြီးတာ ကျန်တာကတော့ ဖြစ်သမျှ အကြောင်း အကောင်းပဲ မှတ်ရမှာပေါ့ ။ သူအတွေးလွန်နေတုန်း ကားလေးပင် သူမ ချိန်းဆိုသောနေရာကို ရောက်ရှိသွားခဲ့ပြီ ။ ကားတံခါး ဖွင့်ကာ ဟိုရောက်ရင် ဘယ်ကစ ဘယ်လို လမ်းကြောင်းသင့်အောင် စကား ပြောရမလဲ ဆိုတာသာ သူစဉ်းစားနေသည် ။
'ကျွီ....အာ့ '
သူအတွေးလွန်စွာဖြင့် ဆိုင် တံခါးအား တွန်းလိုက်ရာ သူက အဝင် ဟိုက အထွက် တိုက်မိလေ၏ ။ အဲ့တော့မှ ဂျောင်ဂုလည်း သတိဝင်ကာ ရှေ့က ကောင်လေးကို သွားထူလိုက်၏ ။
"ကောင်လေး ၊ ဘာဖြစ်သွားသေးလဲ ? "
"အာ့...လက်က ထောက်မိသွားတယ် ထင်တယ် "
"ဟင် ...ဘယ်မှာလဲ ၊ ပြကြည့် ...ကိုယ့်ကို "
ထယ်ယောင်း မိမိရှေ့က လူကို မကြည့်ပဲ မိမိလက်ကိုသာ ကြည့်ရင်း ရှေ့က လူကို တစ်ချက် မော့ကြည့်လိုက်တော့
"ဟင်....ဂျွန်လူကြီး "
"ကိုယ့်ကို သိတာလား "
ထယ်ယောင်းလည်း ယောင်ယောင်နန ခေါင်းလေး တစ်ဆက်ဆက် ညိမ့် ပြလိုက်သည် ။
"ကဲ...ထ ၊ ကိုယ် ဆေးခန်း လိုက်ပို့မယ် "
"ဗျာ... ရပါတယ် ၊ ကျွန်တော့်ဘာသာ သွားလို့ရပါတယ် "
ပြောလည်း ပြော ထယ်ယောင်းအား ဆွဲထူတဲ့ ထိုလူကြီးကြောင့် ထယ်ယောင်းမှာ ငြင်းမဲ့ စကားတွေတောင် ပျောက်ရှ ကုန်သည်။
"ကိုယ့်ကြောင့် ဖြစ်သွားတာ ကိုယ် တာဝန်ယူရမှာပေါ့ "
"ဒါပင်မဲ့ ၊ ဂျွန်လူကြီးက ချိန်းထားတာတွေ မရှိဘူးလား "