5

306 37 2
                                    

ထယ်ယောင်းလည်း ဂျွန်လူကြီးနဲ့ အဲ့နေ့ပြီးကတည်းက မတွေ့ဖြစ်ကြတော့ပေ ။ အထက်တန်း စာမေးပွဲလည်း နီးလာပြီမို့ စာ ကို အရင်ကထက် ပိုဂရုတစိုက် လေ့လာဖြစ်နေသည်  ။ အထက်တန်းစာမေးပွဲ ပြီးရင် ဆရာဝန် လုပ်ဖို့ ဆုံးဖြတ်ထားပြီးသားမို့ သူ့ ရည်မှန်းချက်ကို ဖြစ်မြောက်အောင် လုပ်ရမယ် ။ 

ဆရာဝန် ဘာလို့ ဖြစ်ချင်တာလဲ ဆိုရင်တော့ ကိုယ့်မျက်စိရှေ့တင် မေကြီး ဆုံးသွားသည်ကို ဘာမှ မလုပ်နိုင်ဘဲ ငိုပြီးသာ ကျန် နေခဲ့သည် ။ ဒါကြောင့် သူ ချစ်ရတဲ့သူတွေကို သူကိုယ်တိုင် နောက်ဆုံးချိန်ထိ ရောက်အောင် ကုသမယ်လို့ ဆုံးဖြတ်ချက် ချခဲ့သည် ။

အခုခေတ် ဆရာဝန်က လူတိုင်းလိုလို လုပ်နေကြပင်မယ့် စေတနာပါသူကတော့ သိပ်နည်းလွန်းသည် ။ ထယ်ယောင်းသည် မိမိကိုယ်တိုင် ဝါသနာ ပါသည့် အလုပ်မို့ စေတနာ ပြည့်ဝသော ဆရာဝန်ကောင်း တစ်ယောက် ဖြစ်အောင် ကျင့်ကြံအားထုတ်မည် ။

****

ဂျောင်ကုလည်း တစ်လအတွင်း ဖြစ်မြောက်အောင် ကြိုးစားမည်လို့ ကတိပေးထားသည်မို့ အထူး ကြိုးစားနေရသည် ။ လုပ်ငန်း အစ ၊ အဆုံး လေ့လာနေရသည်မို့ အခက်အခဲ များစွာ ရှိနေသည် ။ အခက်အခဲတွေကြား နေ့ရော ညပါ အလုပ်နဲ့ လက်နဲ့ မပြတ်ပေ ။ 

ဂျောင်ကု လီယူနာနဲ့ လက်ထပ်ထားပင်မဲ့ နှစ်ယောက်လုံး အခန်းလည်း ခွဲထားသလို ၊ တစ်ယောက် တစ်ယောက် တစ်အိမ်ထဲ နေပြီး ဆုံဖို့တောင် ခက်ခဲ လွန်းပါသည် ။  သူလည်း သူ့အလုပ်နဲ့ သူ ၊ ကိုယ်လည်း ကိုယ့်အလုပ်နဲ့ ကိုယ်မို့ မျက်နှာချင်းဆိုင်ဖို့တောင် ခပ်ရှားရှားပင် ။

'တီ.....တီ '

အတွေးလွန်နေတုန်း ဖုန်းသံ မြည် လာတာကြောင့် ဂျောင်ကု ကောက်ကိုင်လိုက်သည် ။

" ဟယ်လို...ဂျွန်ဂျောင်ကု ပြောနေပါတယ် ၊ ‌ဟုတ်ကဲ့ ...စုံထောက်ကြီး ဘာကိစ္စများ ထူး လို့ပါသလဲ "

'ေဒါက်....ဒေါက် '

ဖုန်းပြောရင်း စားပွဲပေါ် လက်တောက် နေသည်ကြောင့် ဂျောင်ကု စိတ်လှုပ်ရှားနေသည်ကို ပြနေ၏ ။

• candy Jeon •Tempat cerita menjadi hidup. Temukan sekarang