7

260 31 4
                                    

ဂျွန်လူကြီးသည် ထယ်ယောင်း၏  စောင့်ရှောက်မှု အောက်တွင် ရှိနေ၏ ။ ထယ်ယောင်းက သေချာ အနီးကပ် ပြုစု စောင့်ရှောက်နေသည်မို့ ဂျွန်လူကြီးရဲ့ အသေးအမွှားကအစ  ပြောင်းလဲမှု မျိုးစုံကို အကုန်သိနေသည် ။ သတိပြန်မလည်သေးဘဲ ကိုမာ ဝင်ပြီး မေ့မြောနေသည်က အခုဆို နှစ်လ ပင် ပြည့်တော့မည် ။

အသက်အန္တာရယ်ကို မစိုးရိမ်ရတော့ပင်မဲ့  အခုထိ သတိပြန်မလည်သည်ကိုတော့ ထယ်ယောင်း  ကြောက်နေမိသည် ။ ထယ်ယောင်းဘက်ကတော့ ရှင်းရှင်းလေး‌ပဲ ၊ လူနာရှင်တွေဘက်က လက်လျော့ခဲ့ရင်တောင် ထယ်ယောင်းက လူနာကို ခိုးထုတ်ပြီး သူတို့ မသိအောင် ဆက်ပြီး ကုသနေဦးမှာ ။

အခုဖြစ်တဲ့ အမှုအတွက် စုံစမ်း‌စစ်ဆေးဖို့ စုံထောက်တစ်ချို့ ဆေးရုံကို မကြာ ၊ မကြာ ရောက်လာတတ်သည် ။ ထယ်ယောင်းလည်း အစက ရိုးရိုး accident လို့ ထင်ခဲ့ပင်မဲ့ ပေါ်ပေါ်ထင်‌ထင် လုပ်ကြံခံရတဲ့ သက်သေတွေကြောင့် ဒီအမှုမှာ စေခိုင်းသူက သက်သက် ရှိနေတယ်လို့ ဖော်ပြနေတယ် ။ ဘာတွေ ဘယ်လို ဖြစ်သွားလဲ မသိပင်မဲ့ accident ဖြစ်ပြီး စစ ချင်း မြင်လိုက်ရတဲ့  ဂျွန်လူကြီးရဲ့ မျက်နှာကို အခုထိ မျက်လုံးထဲက မထွက်ပေ ။

ထယ်ယောင်းမှာ အဲ့ဒီ ဖြစ်ရပ်ကို အိပ်မက် မက်တိုင်း ဂျွန်လူကြီး သူ့အနားက ပျောက်ကွယ်သွားပြီ လား ဆိုတဲ့ အထင်နဲ့  ဂျွန်လူကြီးကို  ညတိုင်း ပြေးပြေးကြည့်ခဲ့ရတဲ့ ညပေါင်းတွေ မနည်းတော့ပေ ။  ကြောက်နေမိသည် ၊ ချစ်ရသူက ထားသွားမှာ ၊ သေခြင်းတရားနဲ့ စစ်ခင်းနေတဲ့ ဂျွန်လူကြီးကို မကယ်တင်နိုင်မှာ သူ သေလောက်အောင် ကြောက်နေမိခဲ့သည် ။

ကိုယ်ချစ်ရတဲ့သူတွေဟာ တစ်ယောက်ပြီး တစ်ယောက် ကိုယ့်ကို လက်ပြ နှုတ်ဆက်ကာ ထားခဲ့ကြတော့ နောက်‌ဆုံး သူ ချစ်ရတဲ့သူ ပေါ်လာခဲ့ရင် သူကပဲ အရင် လူ့လောကကြီးက ထွက်သွားချင်ကြောင်း ဆန္ဒပြုမိသည် ။ ဘာလို့ဆို ချစ်သောသူ မရှိတဲ့ လူ့လောကမှာ ရပ်တည်ဖို့ဆိုတာ သူ့အတွက် မဖြစ်နိုင်လို့ပင် ။

****

လီယူနာသည်  အဖေ့၏ ခိုင်းစေမှုကြောင့် J Group တွင်  CEO  အဖြစ် ခံယူရ၏ ။ သူ စိတ်မလုံတာတော့ အမှန်ပင် ၊ အဖေ့ကို မလွန်ဆန်နိုင်လို့ သာ ငြိမ်နေရတာ ဖြစ်သည် ။  အခုလို အရေးကိစ္စ ကြီးတွေကြား  ကာယကံရှင် ဂျွန်ဂျောင်ကု က နိုးမလာသည်မို့ ပိုစိုးရိမ် ရသည်  ။

• candy Jeon •Where stories live. Discover now