ထယ်ယောင်း ဒီနေ့ လူက စိတ်တော်တော် အဆင်ပြေမနေပါ ။ ဒီနေ့ ဂျွန်လူကြီးရဲ့ လက်ထပ်မဲ့ နေ့ ဖြစ်သည် ။ အမှန်ဆို ထယ်ယောင်း မသွားချင်ဘူး ဒါပင်မဲ့ ဖေကြီးတို့က သွားရမယ်လို့ ပြောထားတာကြောင့် ထယ်ယောင်းလည်း မဖြစ်မနေလိုက်ရတော့မည် ။ ထယ်ယောင်း က ကိုယ်မြတ်နိုးတဲ့ အရာဆို သိပ်တန်ဖိုးထားသလို သိပ်လည်းမြတ်နိုးတယ် ။ထယ်ယောင်းအတွက်တော့ ထိုလူကြီးရဲ့ သတင်းစာက ပုံကို မြင်ထဲက သဘောကျမိတာ ဖြစ်သည် ။ မြင်မြင်ချင်း ချစ်တာမျိုး မဟုတ်ပဲ ထိုလူကြီးက ပုံတစ်ပုံက ထယ်ယောင်းကို သိမ်းပိုက်လိုက်ခြင်းပင် ။ ထိုအချိန် အမှတ်တမဲ့ အပြင်မှာ လူချင်းဆုံတော့ ပိုဆိုးရောပေါ့။
ဂျွန်လူကြီးရဲ့ နွေးထွေးတဲ့ အပြုအမူ ၊ အပြောအဆို ၊ ကြင်နာမှု ဂရုစိုက်မှုတွေကို ထယ်ယောင်း ပိုလိုချင်လာသည် ။ နောက်ပြီး အဲ့ဒီ ဂရုစိုက်မှုတွေဟာ ထယ်ယောင်း အတွက်ပဲ ဖြစ်ချင်လာသည် ။ ထယ်ယောင်း အတွက် မြတ်နိုးတယ် ဆိုတဲ့ အရာဟာ ရှားသလို ၊ ထိုအရာကို မြတ်နိုးပြီးဆို ပိုင်ဆိုင်ချင်တယ် ၊ ပိုင်ဆိုင်ဖို့ အတွက် ဘာပဲ လုပ်ရ ၊ လုပ်ရ ထယ်ယောင်းက မမှု တတ်ပေ ။ အခုတော့ သူ့ ဘဝမှာ သူပထမဆုံး မြတ်နိုးမိတဲ့ လူသားကို လက်လွှတ်ရတော့မယ် ...။
"ထယ်ယောင်းရေ...သားငယ် ၊ သွားစို့ "
အတွေးတစ်ချို့ဟာ ဖေကြီးရဲ့ စကားသံကြောင့် ပြတ်စဲသွားပြီး ထယ်ယောင်းလည်း သွားဖို့ ထွက်လာလိုက်၏ ။
****
ထယ်ယောင်းတို့ ကားလေးဟာ တဖြည်းဖြည်း မင်္ဂလာ ခန်းမနဲ့ နီးကပ်လို့ လာခဲ့၏ ။ လက်ထပ်ပွဲကို ညဘက်ပိုင်း အကျဉ်းချုံး ပြင်ဆင်ထားတာ ဖြစ်သည် ။ လက်ထပ်ပွဲဆိုတာ ထက် နှစ်ဦးသဘောတူ လက်မှတ်ထိုးပွဲ ဆို ပိုမှန်လိမ့်မည် ။ အပြင်အဆင်က အစ ရိုးရိုးရှင်းရှင်းနဲ့ ခမ်းနားနေတာမျိုးပင် ။
ဖေကြီးက သတိုးသား အသိ ဆိုတော့ သတိုးသား ရှိရာ ကို ရောက်လာကြသည် ။ ထယ်ယောင်းလည်း ဖေကြီးတို့နဲ့အတူ လိုက်သွားလိုက်သည် ။
"ဂျောင်ဂု "
ဖေကြီးရဲ့ ဝမ်းသာ အားရ ခေါ်သံကြီးက ထယ်ယောင်းကို ဝမ်းနည်းစေသည် ။ ဒီအချိန် ထယ်ယောင်း ဂျွန်လူကြီးနဲ့ ပတ်သက်ပြီး ဘာကြားကြား ဝမ်းနည်းေနတာဆို ပိုမှန်မည် ။