"နိုးပြီလား ..သားkookie""ဟုတ်ဦးလေး..ဟိုjiminကောဟင်.."
1လကျော်ပြီ သူသင်တန်းတက်နေတာ။
တော်တော်များများလည်း သင်ယူသင့်သလောက် သင်ယူပြီးနေပြီ..။Breakfastစားဖို့ အောက်ဆင်းလာတော့
စားပွဲမှာ ဦးလေးတစ်ယောက်ထဲသာ...။"အဲ့ဒီကောင်လေးက ခုနကမှထွက်သွားတာ..သူ့သူငယ်ချင်းတွေခေါ်လို့တဲ့လေ..."
"အော်..."
သင်တန်းက ညနေ3နာရီ...သင်ရတဲ့အချိန်က
3နာရီခွဲနီးပါးမို့...ပြန်လာတဲ့အချိန်ဆိုနဲနဲနောက်ကျတတ်သည်..။
သင်တန်းကို သွားတဲ့လမ်းက အိမ်နဲ့သိပ်မဝေးပေမယ့် နဲနဲလူပြတ်တော့ jiminနဲ့ပဲလမ်းလျှောက်သွားရသည်...။"သား...သင်တန်းကအဆင်ပြေရဲ့လားကွဲ့"
"ဟုတ်...ပြေပါတယ်ဦးလေး.."
"အေးကွယ်...jiminကလည်းသားသိတဲ့အတိုင်း..ဂျပိုးဆိုတော့ဟိုသွားဒီသွားနဲ့ဆိုတော့...သားအတွက်အဆင်မပြေဘူးလေ..
Hoseokအိမ်ကလည်းသိပ်မဝေးတော့..သားအတွက် ဦးလေးစက်ဘီးတစ်စီးစီစဉ်ပေးထားတယ်..."
"ဗျာ!"
သွားပြီ..
အဲ့တာjiminကြောင့်..
kookieလေးဘယ်လိုလုပ်ရမလဲ..."သား အဆင်မပြေလို့လား"
"မ...မဟုတ်ပါဘူး ဦးလေး...ပြေပါတယ်"
လူကြီးက စီစဉ်ပေးတော့လည်း
အဆင်မပြေပါဘူးဆိုပြီး ငြင်းလို့က မကောင်း
ကြောက်လည်း ဘယ်သူမှမကယ်နိုင်တော့ဘူး...။
စက်ဘီးနဲ့ဆိုတော့လည်း စက်ဘီးနဲ့ပေါ့။=======
"ဒီနေ့သင်တန်းကတော့..ဒီလောက်ပါပဲနော်..
နောက်နေ့ကျရင် dressဘက်သွားမယ်နော်.."
"Nae..Tr."
"အမသွားပြီနော်..kookie"
"သွားပြီ..kookieရေ"
"see you kookie.."
"kookieလေးကိုလွမ်းနေရတော့မယ်.."
ထိုသို့သားစကားများကို အပြုံးလေးတွေဖြင့်ပြန်ဖြေကာ Hoseok hyungဆီသွားရသည်။
သင်တန်းကလူတိုင်းကသူ့ကို ချစ်ဖို့ကောင်းသည်ဆိုကာ ဖော်ဖော်ရွေရွေဆက်ဆံကြတော့ သူ့အတွက်အဆင်မပြေတာမရှိ..။