"jungkook.."
အခန်းတံခါးကိုခေါက်ကာ သူ့နာမည်ကိုအော်ခေါ်နေတဲ့jimin..။
"jungkook!"
"ဘာလဲ!"
အဆက်မပြတ်ခေါ်နေတဲ့ jiminကြောင့်
အိပ်ရာပေါ်က ဆင်းကာ အခန်းတံခါးဖွင့်ပေးရတော့သည်။"ဟ...ရင့်လိုက်တာ မင်းကလဲ"
"...."
စကားနဲ့ ပြန်မပြောတော့ပဲ မျက်စောင်းတချက် ထိုးလိုက်တော့ တိတ်သွားသည်။
ထို့နောက် jiminက အထဲဝင်ကာ သူ့အိပ်ရာပေါ်သို့ထိုင်လေသည်။
သူလည်း jiminဘာပြောမလဲ စောင့်ဆိုင်းရင်း အိပ်ရာဘေးက ခုံပေါ်တွင် ထိုင်လိုက်သည်။"မင်းမနေ့က ဘာဖြစ်တာလဲ"
ဒီတစ်ခါတိတ်သွားရသူက သူသည်ပင်။
ဒီကိစ္စကို jiminသာသိရင် သူဘယ်လိုတုန့်ပြန်မလဲ?..။
သူ့ကို ငြိုငြင်သွားမှာလား?။
သူ့ကို မုန်းသွားမှာလား?။
ဒါမှမဟုတ်...သူ့ကိုသူငယ်ချင်းအဖြစ်က စွန့်လွှတ်လိုက်မှာလား?။ဟင့်အင်း..မဖြစ်ဘူး။
သူငယ်ချင်း ရည်စားကိုမှ ချစ်နေမိတဲ့သူက
အရမ်းကို ရွံစရာလူဖြစ်နေမှာ။
ဒါဆို jiminကိုသူ ဘယ်လိုပြန်ဖြေရမှာလဲ။"ဘာမှ..မဖြစ်ပါဘူး.."
"ဘာကိုဘာမှ မဖြစ်တာလဲ...ငါကမကြည့်တတ်ဘူးဆိုတော့...အဟွန်း.."
"မင်း..မင်းက ဘာသိလို့လဲ.."
jiminပြောနေတဲ့ပုံစံက တခုခုကို သိထားတဲ့ပုံစံမျိုးမို့ စိုးရိမ်နေတဲ့ကြားက မေးလိုက်မိသည်။
"အဲ့လိုတော့ဘယ်သိမလဲ...မင်းတခုခုဖြစ်နေတာကိုတော့ သိတယ်"
"အော်..ဘာမှမဖြစ်ပါဘူးဆို"
အခုမှ စိုးရိမ်စိတ်လေးလျော့ကျသွားရတော့သည်။
"အေးပါ..ဘာမှမဖြစ်လဲပြီးတာပဲ"
"အခုက..အဲ့တာပြောဖို့လာတာလား"
"မဟုတ်ဘူးကွ...အပြင်သွားမို့..မင်းရောလိုက်ရမှာ"
"ငါကဘာလို့လိုက်ရမှာလဲ..."
"ဟိုလူကြီး 2ယောက်ရောပါတယ်ဟ"
ပိုတောင်ဆိုးသွားသေးတယ်။
အဲ့လိုဆို သူလိုက်လို့လုံးဝမဖြစ်ဘူး။
jiminနဲ့Taehyungနဲ့ ro'နေကြတဲ့ ပုံရိပ်တွေကို မြင်ရင်သူခံစားနိုင်မှာမဟုတ်ဘူး...
ပြီးတော့ ဒီနေ့သင်တန်းလည်းရှိတာကို။