"Taehyung ဘာဖြစ်တာလဲ"
Yoonတစ်ယောက် သူ့အခန်းထဲရှိနေရာမှ ကြားလိုက်ရတဲ့Taehyungရဲ့အော်သံကြောင့် ထွက်ကြည့်ရာ jungkookဟာ Taehyungရဲ့ရင်ခွင်ထဲတွင်မေ့မျောနေလေရဲ့။
"Yoon...ငါ့ကိုဒေါက်တာခေါ်ပေး...ဧည့်ခန်းစားပွဲပေါ်ကစာအုပ်ထဲမှာဖုန်းနံပါတ်ရှိတယ် မြန်မြန်လုပ်!"
"ဒါပေမဲ့ မိုးရွာနေတယ်လေ...လာပါ့မလား"
"မရဘူး..လာကိုလာရမှာလို့ပြောလိုက်!"
Taehyungရဲ့ပုံစံဟာ ရင်ခွင်ထဲကjungkookကိုအတော်လေးစိတ်ပူနေဟန်ရှိသည်။
jungkookမှာလဲ တစ်ကိုယ်လုံးဖြူဖျော့နေကာ ချွေးတွေရွှဲနေလေသည်။သူကြည့်နေစဉ်အတွင်းမှာပဲ jungkookကို မ'ချီကာ အပေါ်ထပ်က သူ့အခန်းထဲသို့ခေါ်သွားလေတဲ့Taehyung။
မနာလိုမိတာတော့မှန်ပေမဲ့ ဒီလိုအချိန်မှာမကောင်းတာမလုပ်သင့်မှန်းသိတာကြောင့် ဖုန်းခေါ်ဖို့သာကြိုးစားလိုက်တော့သည်။
"ဟယ်လို...ဒေါက်တာ...အခုချက်ချင်းTaehyungအိမ်ကိုလာခဲ့ပေးပါ"
ပြောပြီးပြီးချင်းဖုန်းကိုသူတန်းချလိုက်မိ၏။
ထို့နောက်Taehyungရဲ့အခန်းထဲသို့အခြေအနေတွေကြည့်ရန်သွားဖို့ဆုံးဖြတ်လိုက်သည်။
အခန်းတံခါးအားအသာလေးဖွင့်ကာကြည့်လိုက်လေတော့ Taehyungဟာjungkookကို အင်္ကျီတွေလဲပေးနှင့်ပြီးသားဖြစ်နေပြီ။
jungkookကိုတင်ထားတဲ့ကုတင်ဘေးတွင်ထိုင်ကာ jungkookရဲ့မျက်နှာလေးကို ပဲ့ကျသွားမဲ့ပန်းပွင့်လေးအလားထိကိုင်နေလေသည်။
မျက်ဝန်းတွေဟာလဲ တောင်းပန်နေသယောင်။
"Taehyung..ငါဒေါက်တာခေါ်ပြီးပြီ"
ဘာစကားမှပြန်ဆိုမလာပါပဲ jungkookကိုသာကြည့်မြဲအတိုင်းကြည့်နေလေသည်။
မြင်ကွင်းဟာအရမ်းကိုမှ နာကျင်ဖွယ်ရာကောင်းတာမို့ ဒီနေရာမှထွက်လာလိုက်ကာ ဧည့်ခန်း၌သာဒေါက်တာ့အား ထိုင်စောင့်ပေးနေလိုက်တော့၏။
=======
"ကိုယ်တောင်းပန်ပါတယ်..."ဒီတစ်ကြိမ်လဲ မျက်ဝန်းဝိုင်းလေးကိုထိခိုက်စေမိပြန်ပြီ။