"Taehyung လေယာဉ်ချိန်ကနီးပြီလား"
"အင်း...11နာရီ..."
Yoonဟာ ဒီနေ့ ကိုရီးယားကိုပြန်လာမည့်အကြောင်းပြောပြထားသည်။
လာကြိုစေချင်နေတဲ့yoonကြောင့် Taehyungနဲ့Yoongiမှာ Airport တွင်လေယာဉ်ချိန်အမှီစောင့်နေရလေသည်။"လေယာဉ်ဆိုက်ပြီyoongi..."
လေယာဉ်ဆိုက်သည်နှင့် yoonဆီသို့ဖုန်းခေါ်လိုက်တော့သည်။
"အင်း.. ဘယ်မှာလဲyoon"
"ဟုတ်ပြီ..ဒါဆို ငါဂိတ်ပေါက်နားကပဲစောင့်နေမယ်..."
"ဘယ်မှာတဲ့လဲ...check outလုပ်ပြီး ငါတို့ရှိတဲ့နေရာလာခဲ့မယ်တဲ့...."
"အော်~~"
"ဒါနဲ့Taehyung...jungkookအခြေအနေရော?.."
"တော်တော်ကောင်းနေပါပြီ...."
"Yoonပြန်လာပြီဆိုတော့ jungkookကရော?..."
ဒီမေးခွန်းဟာ မမေးသင့်မှန်းသိနေပေမဲ့ သူသိချင်သည်။
"ဘာကိုပြောတာလဲ.."
"မင်းအရင်က yoonကိုအရမ်းချစ်ခဲ့တာလေ...ကျောင်းတုန်းက မင်းသူ့ကိုအသေလိုက်ခဲ့တာ မှတ်မိတယ်မလား.."
"အင်း~"
"ဆိုတော့..မင်းဘယ်သူ့ကိုရွေးမှာလဲ.."
"......"
"မင်းတကယ်ချစ်တာ ဘယ်သူလဲTaehyung"
"ငါ ငါ...."
"Hey!!.."
Luggage အိတ်ကိုဆွဲကာ သူတို့ကိုခေါ်လိုက်တဲ့yoonကြောင့် စကားစဟာပြတ်ချသွားရသည်။
Yoonဟာအရင်အတိုင်းချစ်ဖို့ကောင်းဆဲ။
မဟုတ်ဘူး ပိုချစ်ဖို့ကောင်းလာတာ။
လိုင်းတွန့်လို အညိုရောင် ဆံပင်ရှည်ရှည်လေးတွေ။
အရပ်အသင့်အတင့်နဲ့ ဖြူဖွေးဖွေးအသားအရည်။
ပန်းနုရောင် ဂါဝန်အတိုလေးနဲ့yoonဟာ Taehyungကြိုက်ခဲ့မယ်ဆိုလဲ ကြိုက်ချင်စရာပင်။Yoonကို သူကသူငယ်ချင်းတစ်ယောက်လိုပဲဖြူဖြူစင်စင်သာသဘောထားပါသည်။
Yoonရဲ့ချစ်ဖို့ကောင်းမှုတွေဟာ သူ့ကိုရင်မခုန်စေပေမဲ့ Taehyungအတွက်ကရော ဘယ်လိုများဖြစ်မလဲ။"မိyoon..ကြည့်စမ်း အသားတွေပိုဖြူလာတယ်..."
"နင်လဲ ဒီကိုရောက်နေတာလားyoongi.."